DVB Logo
Home
Lead Story
ကယားပြည်နယ်၌ ၇ လတာ တိုက်ပွဲအတွင်း စစ်တပ်က ၄၀၀ ခန့် သေဆုံးဒဏ်ရာရဟု KNDF ထုတ်ပြန်
DVB
·
January 2, 2022
ကယားပြည်နယ်၌ ၇ လတာ တိုက်ပွဲအတွင်း စစ်တပ်က ၄၀၀ ခန့် သေဆုံးဒဏ်ရာရဟု KNDF  ထုတ်ပြန်
Donate to DVB

ပြီးခဲ့တဲ့ ၇ လအတွင်း ကရင်နီပြည် (ကယားပြည်နယ်) ထဲမှာ တိုက်ပွဲပေါင်း ၁၃၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၄၀၀ လောက် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မေ ၁၉ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၃၀ ကျော်မှာ  KNDF က ၈၁ ပွဲကို ပါဝင်ဦးဆောင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၂၄၉ ယောက်၊ ဒဏ်ရာရသူ ၁၄၉ ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။

မေလထဲမှာ တိုက်ပွဲတကြိမ်ပဲရှိခဲ့ပြီး စက်တင်ဘာလထဲမှာတော့ ၂၁ ကြိမ်ဖြစ်ခဲ့တာကြောင့် အများဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ တိုက်ပွဲ ၁၆ ကြိမ်၊ ဒီဇင်ဘာလထဲမှာတော့ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ခဲ့ပါတယ်။

KNDF ဘက်ကတော့ ဒဏ်ရာရသူ ၂၄ ယောက်နဲ့ တိုက်ပွဲအတွင်း ကျဆုံးသူ ၁၃ ယောက်ရှိပြီး အရပ်သားပြည်သူ ၁၄၆ ယောက်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ နိုဝင်ဘာလထဲမှာပဲ KNDF ဘက်က ၁၁ ယောက် ကျဆုံးခဲ့တာပါ။

ကရင်နီတပ်မတော်ရဲ့ စစ်ရေးဦးဆောင်မှုအောက်ကနေ လှုပ်ရှားနေတဲ့  KNDF မှာ တပ်ရင်း ၁၈ ရင်းရှိပြီး ၁၆ ရင်းကို တင်းပြည့်ကျပ်ပြည့် စနစ်တကျဖွဲ့စည်းထားနိုင်ပြီး လက်နက်တွေ တပ်ဆင်နေတယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ပြီး ကာကွယ်ရေးဌာနက အသိအမှတ်ပြု၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ ကရင်နီတပ်မတော် (KA) နဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးမှာ တပ်ဦးကနေ တွန်းလှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013