DVB Logo
Home
မြန်မာသတင်း
အမရပူရမြို့နယ်တွင် မဲနှစ်ကြိမ်ပေးသူ ၂ ဦး အမှုဖွင့်ခံရ
DVB
·
January 1, 2022
အမရပူရမြို့နယ်တွင် မဲနှစ်ကြိမ်ပေးသူ ၂ ဦး အမှုဖွင့်ခံရ
Donate to DVB

မန္တလေးမြို့၊ အမရပူရမြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲနေ့က မဲနှစ်ကြိမ်ပေးခဲ့သူ ၂ ဦးကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကနေ အမှုဖွင့်ထားတယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။

အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မရပ်ကွက်နေ ဒေါ်သွယ်သွယ်ဝင်းဟာ မြစ်ငယ်မြို့မ ရပ်ကွက်ရှိ မဲရုံအမှတ်(၃) မှာ မဲစာရင်းအမှတ်(၁၁၄၄) နဲ့ တစ်ကြိမ် ငယ်တိုးကျေးရွာအုပ်စုရှိ မဲရုံအမှတ်(၅) မှာ မဲစာရင်းအမှတ်(၂၇၆) နဲ့ တစ်ကြိမ် စုစုပေါင်း နှစ် ကြိမ်မဲပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ ကြေးသွန်းရပ်နေ ဦးဇေယျာမိုးဟာလည်း အိုးတော်ရပ်ကွက်ရှိ မဲရုံအမှတ်(၂) မှာ မဲစာရင်းအမှတ်(၄၂၀)နဲ့ တစ်ကြိမ် ယဥ်တော်ကျေးရွာအုပ်စုရှိ မဲရုံအမှတ်(၁) မှာ မဲစာရင်းအမှတ် (၁၆၈၀) နဲ့ တစ်ကြိမ် စုစုပေါင်း မဲနှစ်  ကြိမ်ပေးခဲ့တယ်လို့ဆိုကာ အမှုဖွင့်ခံထားရပါတယ်။

ဒါ့ကြောင့် သူတို့ နှစ်ဦးကို အမရပူရမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၇၁ (စ) နဲ့ မြစ်ငယ် ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဖမ်းဆီးတာတော့ မရှိသေးဘူးလို့ သိရပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းတယ် မဲမသမာမှုရှိတယ်လို့ စွပ်စွဲ အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပေမဲ့ ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲ ဖြစ်စေနိုင်လောက်တဲ့ မဲမသမာမှုသက်သေ အထောက်အထားတွေကတော့ ပြသနိုင်ခြင်းမရှိ သေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013