DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲတွင် ဒီမိုကရက်များ အောင်ပွဲခံပြီးနောက် အမေရိကန် စတော့ရှယ်ယာစျေး ထိုးတက်
DVB
·
November 5, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးမှာ ထိန်းချုပ်နိုင်ခွင့်ကို ရပြီး အောင်ပွဲခံခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လူကြိုက်မများတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး သူ့ရဲ့ သမ္မတသက်တမ်း နောက်ဆုံး ၂ နှစ်တာကာလအတွင်း သူ့လုပ်ဆောင်ချက်တွေကို ထိန်းကျောင်း စစ်ဆေးနိုင်မဲ့ အာဏာတရပ်ကို ဒီမိုကရက်တွေ ရလာခဲ့တာပါ။

ဒါပေမဲ့ ထရမ့်ပ်ကတော့ ရီပတ်ဘလစ်ကန်ပါတီရဲ့ အရှုံးကို သူ့အပေါ် သက်ရောက်တဲ့ ထိခိုက်မှုတခု အဖြစ် မမြင်ဘူးလို့ ပြောပါတယ်။

ဒီမိုကရက်ပါတီက ထိန်းချုပ်ထားတဲ့ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လာမဲ့ ၂ နှစ်တာ ကာလအတွင်း “အရာအားလုံးကို ဗီတိုအာဏာသုံးပြီး ပယ်ချနေမှာ မဟုတ်ဘူး” လို့လည်း ထရမ့်ပ်က ပြောပါတယ်။

ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကတော့ ဒီရှုံးနိမ့်မှုတွေအတွက် အီရန်စစ်ပွဲက အဓိကအကြောင်းရင်းလို့ ထောက်ပြ ပြောပါတယ်။

သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အောင်မြင်မှုတွေ ရထားပေမဲ့ အမေရိကန်အစိုးရအဖွဲ့အတွင်း အာဏာခွဲဝေမှုပုံစံရှိနေလို့ မူဝါဒပိုင်းဆိုင်ရာမှာ ပြင်းထန်တဲ့ အပြောင်းအလဲတွေကို ကန့်သတ်ထားနိုင်တယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ယူဆထားကြပါတယ်။

သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ အနိုင်ရသွားပြီးနောက် အမေရိကန် အစုရှယ်ယာဈေးကွက်ဟာ နိုဝင်ဘာ ၄ ရက် အဖွင့်မှာတင် မြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ ဉာဏ်ရည်တု AI နည်းပညာဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ပိုတင်းကျပ်လာမှာကို စိုးရိမ်တာတွေကြောင့် ဒေတာစင်တာနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကတော့ ဖိအားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဈေးကွက်စဖွင့်လှစ်ချိန်မှာ ဒေါင်းဂျုန်း စက်မှုလုပ်ငန်းဆိုင်ရာ ညွှန်းကိန်းက ၁ ဒသမ ၉၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ၅၂,၇၈၄.၄၈ မှတ်ထိ ရောက်ခဲ့ပါတယ်။

S&P 500 ညွှန်းကိန်းကတော့ ၁ ဒသမ ၁၄ ရာခိုင်နှုန်း မြင့်တက်ပြီး ၇,၆၅၅ ဒသမ ၄၃ မှတ်ဆီ ရောက်ခဲ့ကာ Nasdaq Composite ညွှန်းကိန်းမှာလည်း ၁ ဒသမ ၀၇ ရာခိုင်နှုန်း မြင့်တက်ပြီး ၂၅,၆၄၃ ဒသမ ၃၆ မှတ်ထိ ရောက်ရှိခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013