Home
မြန်မာသတင်း
ပုလဲမြို့နယ်တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများကို ဖျက်ဆီးပစ်
DVB
·
January 1, 2022
269766634_1248113389016002_7837763107069660277_n
269765375_1248113355682672_1462699162002612047_n
268380664_1248113482349326_4283374887808558518_n
268141778_1248113439015997_7487244374353589072_n

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းက စစ်တပ်ထုတ်ကုန် မြန်မာဘီယာတွေသယ်ဆောင်လာတာကိုတွေ့ရှိရတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။

Pale Joker PDF ခေါင်းဆောင် ဗိုလ်ပုလဲ က ''မြန်မာဘီယာဖာတွေ တင်လာတဲ့ Faw ကားကို သတင်းရလို့ တားဆီးစစ်ဆေးရာကနေ  ကားပေါ်မှ ာတင်ဆောင်လာတဲ့ မြန်မာဘီယာ ၁၅ ဖာလောက်ကို လမ်းပေါ်မှာဘဲ ဖျက်ဆီးပစ်လိုက်တယ်'' လို့ အတည်ပြုပြောပါတယ်။

မော်တော်ယာဉ်နဲ့သက်ဆိုင်သူတွေကိုတော့ နောက်နောင်စစ်ကောင်စီနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ မတင်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့လည်း ပြောပါတယ်။

ဖျက်ဆီးပစ်လိုက်တဲ့ မြန်မာဘီယာပုလင်းတွေဟာ ကာလတန်ဖိုး ၄ သိန်းခွဲဝန်းကျင်ရှိတယ်လို့ စားသောက်ဆိုင်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီထုတ်ကုန်တွေ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းတွေကို ခွင့်မပြုကြောင်းနဲ့ စစ်ဆေးတွေ့ရှိပါကလည်း ချက်ချင်းဖျက်ဆီးပစ်နေတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024