
နယူးယောက်မြို့တော်ဝန် ဇိုရန်မမ်ဒါနီက ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဝင်ငွေအလုံအလောက် ရရှိနေတာ ကြောင့် ပရိသတ်တွေဆီကနေ ကုန်ကျစရိတ်တွေ ပိုမိုမကောက်ခံသင့်ကြောင်း ဝေဖန်လိုက်ပါတယ်။
အခုကျင်းပနေတဲ့ ကမ္ဘာ့ဖလားဟာ သမိုင်းတလျှောက် လက်မှတ်ခ ဈေးအကြီးဆုံးဖြစ်ပြီး ဟိုတယ်နဲ့ သွားလာရေးစရိတ်တွေလည်း အဆမတန် မြင့်တက်နေကာ ဖီဖာအနေနဲ့ ဒီပြိုင်ပွဲကနေ ဒေါ်လာ ၉ ဘီလီယံနီးပါးအထိ ဝင်ငွေရဖို့ ရှိနေပါတယ်။
မြို့တော်ဝန် မမ်ဒါနီက နယူးယောက်မြို့အနေနဲ့ ပရိသတ်တွေ သက်သာစေဖို့အတွက် ပွဲစဉ်အလိုက် ဒေါ်လာ ၅၀ တန် လက်မှတ် ၁,၀၀၀ စီကို စီစဉ်ပေးထားသလို၊ မြို့နယ်အသီးသီးမှာလည်း အခမဲ့ ပွဲကြည့် fanzones တွေကို ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်း ဆိုင်ပေါင်း ၉၀၀ ကျော်မှာ ဒေါ်လာ ၂၆ တန် ကမ္ဘာ့ဖလားအထူးပရိုမိုးရှင်း အစား အစာတွေကိုလည်း စီစဉ်ပေးထားပြီး အားကစားပွဲတွေကို လူချမ်းသာကြိုက် ဇိမ်ခံပစ္စည်း တခု လို ဖြစ်မလာစေဖို့ တွန်းလှန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Photo:Reuters










