DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်စေလွှတ်
DVB
·
December 30, 2021
မြန်မာအလုပ်သမားများ တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်စေလွှတ်
1 / 2
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သွားရောက်ဖို့ ပိတ်ထားတဲ့တောင်ကိုရီးယားနိုင်ငံကို မြန်မာအလုပ်သမားတွေ မနေ့ကစလို့ ပြန်လည်စေလွှတ်နေပြီလို့ သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က မြန်မာအလုပ်သမား ၂၅ ဦးကို စတင်စေလွှတ်တာဖြစ်ပြီးအဲ ဒီအလုပ်သမားတွေက အရင်ကိုရီးယားနိုင်ငံမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ လုပ်သားဟောင်းတွေပါ။

အဲဒီ အလုပ်သမားဟောင်း(Re-entry)တွေအပြင် ကိုရီးယားအလုပ်အကိုင်အရည်ချင်းစစ်စာမေးပွဲ (EPS)အောင်ထားတဲ့ အလုပ်သမားအသစ်တွေလည်း ဆက်တိုက်ထွက်ခွာရတော့မှာဖြစ်တယ်လို့ အဲဒီသင်တန်းကျောင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။

"အခုကလုပ်သားဟောင်းတွေနဲ့စဖွင့်တာပဲ။ လုပ်သားသစ်တွေလည်း ဆက်တိုက်ထွက်ဖို့တန်းစီနေတယ်"လို့ သင်တန်းကျောင်းဆရာတစ်ဦးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ နှစ်နိုင်ငံအစိုးရသဘောတူညီချက်နဲ့ အလုပ်သမားစေလွှတ်တဲ့စနစ်ကို ကျင့်သုံးထားတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ ပြည်ပအလုပ်အကိုင်အေဂျင်စီက ဆက်လက်တာဝန်ယူ စေလွှတ်နေတာပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်လုပ်ကိုင်ဖို့ မြန်မာအလုပ်သမား ၄၀၀၀ ကျော်ဟာ သတ်မှတ်အရည်အချင်းစစ်စာမေးပွဲအောင်မြင်ထားပါတယ်။

ဒါပေမဲ့ ကမ္ဘာတဝန်းဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သူတို့ဟာ ၂၀၂၀ ပြည့် နှစ်ဆန်းပိုင်းကတည်းက သွားရောက်ခွင့်ပိတ်ခံထားရတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013