Home
မြန်မာသတင်း
မူဆယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်
DVB
·
December 30, 2021
270239739_224197383198340_7341358253216770082_n
270188331_224197209865024_387044506353931434_n
269974617_3039151013013873_6501092693051277303_n
268933227_224197276531684_4231679968692025467_n
268045293_224197306531681_2286153050300544837_n
777

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ မင်္ဂလာမူဆယ်ဈေးအနီး ငွေစင်အိမ်ရာမှာ မနေ့ည ၈ နာရီကျော်လောက်က စစ်ကောင်စီလက်အောက်ခံ ပြည့်သူစစ်အချင်းအချင်း ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြရတယ်လို့ သိရပါတယ်။

ပန်းဆေးပြည်သူ့စစ်၊ နမ့်ခမ်းမြို့မပြည်သူ့စစ်ကတဖက်နဲ့ ကွတ်ခိုင်တာမိုးညဲပြည်သူ့စစ်တို့ ပစ်ခတ်ကြတာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေရှိကြောင်း၊ မူဆယ်ဆေးရုံမှာတော့ ဒဏ်ရာရသူ ၁ ဦး ရောက်ရှိတယ်လို့ မူဆယ်ဒေသခံက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့ချင်း ဘာပြဿနာရှိလဲတော့ မသိဘူးခင်ဗျ။ ပစ်ခတ်သံတွေကြားတော့ ပြည်သူတွေ ကြောက်တာပေါ့။ လက်ရှိ တိုင်းပြည်ကလည်း မငြိမ်သက်၊ ဒုစရိုက်မှုတွေလည်းများတော့လေ။ အသံတွေက ည ၈ နာရီကျော်နဲ့  ၉ နာရီ ကြားမှာပါ။ ၁၀ - ၁၅ မိနစ်လောက်ကြာမယ်ထင်တယ်၊ ရဲ ၁ ယောက် ပြည်သူ့စစ် ၂ ယောက် ထိမှန်ပြီး သေဆုံးတာလည်းရှိတယ်။ ဘယ်နှယောက်သေလဲ တော့ မသိဘူး။ မူဆယ်ဆေးရုံကိုတော့ ၁ ယောက်ပဲ ရောက်လာတယ်။ အဖမ်းခံရတာတွေလည်း ရှိတယ်၊ ဘယ်ဘက်က ဘယ်ဘက်ကိုဖမ်းလဲတော့ မသိရပါဘူးခင်ဗျ။”

အဆိုပါပြည်သူ့စစ်တွေဟာ မူဆယ်နဲ့ တရုတ်နယ်စပ်ကြား ပန်ခမ်း၊ နောင်ရမ်း၊ စွမ်စော် စတဲ့ ကျေးရွာတွေမှာ အဆင့်မြင့်တိုက်တာတွေ တည်ဆောက်ပြီး ကာစီနိုလောင်းကစားဝိုင်း၊ အနှိပ်ခန်း၊ ကာရာအိုခေတွေ ဖွင့်လှစ်ကာ မူးယစ်ဆေးတွေပါ ရောင်းချနေကြတာလို့ ဒေသခံက ပြောပါတယ်။ 

ပြည်သူ့စစ်ခေါင်းဆောင်ပိုင်းဟာ အများအားဖြင့် တရုတ်လူမျိုးတွေဖြစ်ပြီး တပည့်တွေက ဒေသခံတိုင်းရင်းသားနဲ့ ပြည်မကလာတဲ့ ရွှေ့ပြောင်းလုပ်သားတချို့ပါ ပါဝင်ကြောင်း၊ လက်နက်တွေသာ ကိုင်ဆောင်ထားပြီး နိုင်ငံရေးရည်မှန်းချက်မရှိ၊ ရပ်ရွာအကျိုးပြု လုပ်ငန်းတွေ ဘာမှလုပ်တာမတွေ့ရဘဲ လောင်းကစားနဲ့ မူးယစ်ဆေးလုပ်ငန်းတွေမှာ ခွင်လုရင်း အခုလို အချင်းချင်း ပစ်ခတ်တာတွေ မကြာခဏ ရှိနေပြီး သက်ဆိုင်ရာကလည်း ဘာမှအရေးယူတာ မတွေ့ရဘူးလို့ မူဆယ်ဒေသခံက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024