DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်၊ ပြည်သူ ၂၀၀၀ ကျော် တိမ်းရှောင်နေရ
DVB
·
December 30, 2021
ကော့ကရိတ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်၊ ပြည်သူ ၂၀၀၀ ကျော် တိမ်းရှောင်နေရ
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊  ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက် ၅ နာရီဝန်းကျင်က တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၂၀၀၀‌ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ကော့ကရိတ်မြို့ နှစ်မိုင်ခန့်အကွာ မနွယ်တောင်ခြား မြို့ဟောင်းရွာအနီးထိ စစ်ကောင်စီတပ်က အင်အား ၁၀၀ လောက်နဲ့ တိုးချဲ့လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦးထက်မနည်း ကျဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ကျဆုံးသူမရှိဘူးလို့ ဆိုပါတယ်။ 

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကိုလည်း စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်နေတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

မြဝတီခရိုင်အတွင်း ဒီဇင်ဘာ ၁၅ ရက်နေ ဒီနေ့အထိ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၁၄၀၀၀ လောက် သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ ထိုင်ဘက်ခြမ်းမှာ ထွက်ပြေးခိုလှုံနေကြပြီး စစ်ဘေးရှောင် ၄၀၀‌ လောက်ကတော့ နေရပ်ပြန်သွားကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013