DVB Logo
Home
မြန်မာသတင်း
ပြည်မြို့ အကျဉ်းထောင်တွင်း ဖမ်းဆီးခံ နိုင်ငံရေးလှုပ်ရှားသူ ၄၀ ကို ထောင်ဒဏ်များချမှတ်
DVB
·
December 29, 2021
ပြည်မြို့ အကျဉ်းထောင်တွင်း ဖမ်းဆီးခံ နိုင်ငံရေးလှုပ်ရှားသူ ၄၀ ကို ထောင်ဒဏ်များချမှတ်
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့ရှိ  အကျဉ်းထောင်မှာ ဖမ်းဆီးခံနေရတဲ့ လွှတ်တော်အမတ် ၂ ယောက် အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ အယောက်  ၄၀ ကို ဒီဇင်ဘာလ ၂၉ ရက် ဒီကနေ့  စစ်ကောင်စီက ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်တယ်လို့ အကျိုးဆောင် ရှေ့နေအဖွဲ့ထံက သိရပါတယ်။

ရွှေတောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအုံးသွင်၊ ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊  ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးရဲဒင်၊  ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဋ္ဌ  ဒေါက်တာခင်မောင်ဝင်းတို့ကို  ရာဇသတ်ကြီးပုဒ်မ   ၅၀၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးလှုပ်ရှားသူ စုစုပေါင်း အယောက်  ၄၀ ယောက်ကို ပြည်ထောင်အထူးတရားရုံးကနေ မြို့နယ်တရားသူကြီး ဦးနေဦးနဲ့၊ ဦးစိုးမိုးနိုင်တို့က ထောင်ဒဏ် အမိန့်တွေချမှတ်လိုက်တာဖြစ်ပြီး ချုပ်ရက်တွေကို ထုတ်နုတ်ခံစားဖို့ အမိန့်ထဲမှာပါရှိပါတယ်။

အခုအမိန့်ချခံရသူတွေထဲမှာ စစ်တပ်အာဏာစသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံရသူသူတွေလည်း ပါဝင်ပြီး သူတို့ဆိုရင်ချုပ်ရက်က ၁၀ လ ကျော် ကြာအောင် ထောင်ထဲမှာ ချုပ်နှောင်ခံထားရပြီး ဖြစ်ပါတယ်။

အဲ့ဒီထောင်ကျသူတွေအထဲမှာ အသက် ၇၀ ကျော်နဲ့ ၇၀  နီးပါး  ၂ ယောက်ပါဝင်ပြီး သူတို့ ၂ ယောက်လုံး ကျန်းမာရေးမကောင်းတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ 

ထောင်ထဲမှာ အမိန့်မချသေးပဲချုပ်နှောင်ထားခံရသူပေါင်း နောက်ထပ် အယောက်  ၁၀၀ လောက် ကျန်နေသေးတယ်လို့ ပြည်ထောင်ကနေလွတ်မြောက်လာတဲ့  နိုင်ငံရေးအကျဉ်းသား ဟောင်းတယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

ထောင်ဒဏ်ချမှတ်ခံရသူ အယောက် (၄၀)  စာရင်း 

၁။ကိုဝေယံထွန်း  ( ပုဒ်မ ၅၀၅ က) - ၂နှစ်

၂။ကိုပူကြူးနိုင် (ခ) ထက်အောင်၀င်း (၅၀၅က) -၂ နှစ်

၃။မသန္တာလင်း (၅၀၅က) -၂ နှစ် 

၄။အေးချမ်း(ခ)လပြည့် (၅၀၅က) - ၂ နှစ်

၅။ကိုလပြည့် (ခ)လမင်းပိုင်  (သတင်းထောက်)  (၅၀၅က) -၂ နှစ်

၆။.ကိုထွေး  (၅၀၅က) -၂ နှစ် 

၇။ကိုအောင်အောင်ဌေး (၅၀၅က) -၂ နှစ် 

၈။ကိုအောင်နိုင် (၅၀၅က) -၂ နှစ်

၉။ ကိုမျိုးမင်းအောင် (၅၀၅က) -၂ နှစ်

၁၀။ကိုတင်စိုးဝင်း (ခ) ကြောင်ကြီး (၅၀၅က) -၂ နှစ်

၁၁။ကိုချစ်မိုဦး(ခ)အလီ (၅၀၅က) -၂ နှစ်

၁၂။ဦးသက်ခိုင် ၁၉(င) -၁ နှစ်

၁၃။ကိုဝိုင်ဝိုင်း  (ပုဒ်မ ၁၄၄၊ ၁၉(င))   -၃ နှစ်

၁၄။ကိုသူရအောင်  (ပုဒ်မ ၁၉(စ)) -၁ နှစ်

၁၅။ဦးအုံးသွင် (ရွှေတောင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) (၅၀၅က) -၂ နှစ်

၁၆။ဒေါ်ဇင်မိုးထိုက် (ပန်းတောင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) (၅၀၅က) -၂ နှစ်

၁၇။ ဦးရဲဒင်  (ပန်းတောင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဋ္ဌ ) (၅၀၅က) -၂ နှစ်

၁၈။ကိုစိုးစည်သူ(ခ)အာလူး  (၅၀၅က) -၂ နှစ်

၁၉။ကိုဇော်ဟိန်းအောင်ဆန်း(ခ)အလီဘိုင် -(၅၀၅က) -၂ နှစ်

၂၀။ ကိုကျော်ဝေယံဖြိုး (ပုဒ်မ ၄၃၆) - ၃-နှစ်

၂၁။ ကိုကောင်းကောင်း  (ပုဒ်မ ၄၃၆) - ၃-နှစ်

၂၂။ ဒေါက်တာခင်မောင်ဝင်း  (ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဋ္ဌ ) (၅၀၅က) -၂ နှစ်

၂၃။ကိုမြင့်မြတ်ထက်  (ကျောင်းစာရေး)-(၅၀၅က) -၂ နှစ်

၂၄။ကိုအောင်သူ (၅၀၅က) -၂ နှစ်

၂၅။ကိုစိုးမင်းထွေး (၅၀၅က) ၁၄၅ -၂ နှစ်

၂၆။သိန်းဇော်မျိုး(ခ)ကုလား (၅၀၅က) -၂ နှစ်+၁၉(စ)-၁ နှစ်= စုစုပေါင်း ၃ နှစ်

၂၇။ကိုရန်နိုင်ဖြိုး (၅၀၅က) -၂ နှစ်

၂၈။ကိုမျိုးမင်း (၅၀၅က) -၂ နှစ်

၂၉။ကိုထွန်းမြတ်မင်း(ခ)ဗိုတောက် (၅၀၅က) -၂ နှစ်

၃၀။ကိုနိုဗယ်မောင် (၅၀၅က) -၂ နှစ်

၃၁။ကိုအောင်မြင်သူ (ကျောင်းဆရာ)-(၅၀၅က) -၂ နှစ်

၃၂။ကိုဝင်းလှိုင် (၅၀၅က) -၂ နှစ်

၃၃။ ကိုရွှေဖြိုးအောင် (၅၀၅က) -၂ နှစ်

၃၄။ကိုရန်နိုင်အောင် (၅၀၅က) -၂ နှစ်

၃၅။ကိုခင်မောင်ထွန်း (၅၀၅က) -၂ နှစ်

၃၆။ကိုဖြိုးသူအောင် (၅၀၅က) -၃နှစ်

၃၇။ကိုနိုင်ကို (၅၀၅က) -၂ နှစ်+ ၁၉(စ)၁ နှစ်= ၃ နှစ်

၃၈။ကိုပိုက်တင် (ခ)ကိုသန့်ဇင် (၅၀၅က) -၂ နှစ်

၃၉။ကိုပြည့်ဖြိုးအောင် (၅၀၅က) -၂ နှစ်

၄၀။ကိုကျော်နိုင် (၅၀၅က) -၂ နှစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013