DVB Logo
Home
မြန်မာသတင်း
အရာတော် အထက်တန်းကျောင်းရှေ့ရှိ စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
December 29, 2021
အရာတော် အထက်တန်းကျောင်းရှေ့ရှိ စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ အထက်တန်းကျောင်းရှေ့မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို  မိုင်းနှစ်လုံးဖောက်ခွဲပြီး တိုက်ခိုက်ခံခဲ့ရတာကြောင့် အသေအပျောက်များနိုင်တယ်လို့ အရာတော် PDFအဖွဲ့က သိရပါတယ်။

ဖောက်ခွဲမှုကို ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ၉ နာရီခွဲအချိန်လောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အသေအပျောက် အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ အရာတော် PDFအဖွဲ့က ဆိုပါတယ်။

စာသင်ကြားနေတဲ့ ကလေးငယ်တွေကို မထိခိုက်စေလိုတဲ့အတွက် မိုင်းနှစ်လုံးသာ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

Non CDM ဆရာ၊ ဆရာမ တွေ စစ်ကောင်စီလက်အောင် ဆက်လက် တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေကိုလည်း သတိပေးစေလိုတဲ့ ရည်ရွယ်ချက်အပြင်  တိုင်းပြည်ထဲမှာရှိတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ ဘဝကို ကိုယ်ချင်းစာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုကို Ayadaw Falcon Force (AF2) ၊ Knight of The Red Land (KORL)  တပ်ဖွဲ့၊ သပြေညို ပြောက်ကျားတပ်ဖွဲ့ ၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့ ၊ Guerilla Commendo -Myinmu ( PGC)  M.R.T.F တပ်ဖွဲ့ ၊ The Guys of Burma Revolution Force (GBRF)တော်လှန်ရေး ညီနောင် (၈) ဖွဲ့နဲ့ ပတ္တမြားညီနောင်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013