DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အိုမီခရွန်ကူးစက်သူပေါင်း ၇၉၃ ဦးရှိ
DVB
·
December 29, 2021
ထိုင်းတွင် အိုမီခရွန်ကူးစက်သူပေါင်း ၇၉၃ ဦးရှိ
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုးကူးစက်ခံရသူပေါင်း ၇၉၃ ဦးထိ ရှိလာပြီး တစ်ဝက်ကျော်မှာ နိုင်ငံခြားက ဝင်ရောက်လာသူတွေလို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ကွပ်ကဲရေးဗဟိုကော်မတီအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် ဒီကနေ့ ထုတ်ပြန်ပြောဆိုပါတယ်။ 

မနေ့ကတရက်တည်းတင် အိုမီခရွန်ကူးစက်သူအသစ် နောက်ထပ် ၁၄၉ ဦးတွေ့ရှိပြီး စုစုပေါင်း ၇၉၃ ဦးရှိသွားပြီဖြစ်ကြောင်း၊ အဲဒီထဲက ၄၈၈ ဦးမှာ နိုင်ငံခြားကနေဝင်ရောက်လာသူတွေဖြစ်ပြီး သူတို့တွေကနေတဆင့် ပြည်တွင်းမှာ ကူးစက်ခံရသူ ၂၅၁ ဦးရှိတယ်လို့ ကိုဗစ်အခြေအနေ ကွပ်ကဲရေးကော်မတီပြောခွင့်ရသူ ဒေါက်တာထဝီးဆင်ဝိဆနုယိုးထင်းက ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အိုမီခရွန်ပိုးဟာ ထိုင်းနိုင်ငံအရှေ့အနောက်တောင်မြောက်ရှိ ခရိုင်တွေဆီပျံ့နှံ့သွားပြီး အများဆုံးကတော့ ကားလားဆင်ခရိုင်ဖြစ်ကြောင်း၊ ခွန်ကဲင်၊ မဟာဆာရာခမ်း၊ လွဲ့အစ်ခရိုင်တွေမှာလည်း စုစုပေါင်း ၂၀၀ ကျော်ရှိကြောင်း၊ ဘန်ကောက်မှာလည်း ထပ်တိုးမယ့် အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။ 

ထိုင်းအမျိုးသားကုသရေးနဲ့ဆေးသိပ္ပံဌာနကလည်း အိုမီခရွန်ဟာ ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၂၀ ကျော် ထိ ပြန့်နေကြောင်း၊ အဲဒီထဲမှာ ပထုန်ဌာနီ၊ နွံထဘူရီ၊ အယုဒ္ဓယ၊ ဘန်ကောက်၊ နခွန်းရာ့ချ်ဆီမား၊ ခွန်ကဲင်၊ ဖူးကက်၊ ကားလားဆင်၊ ဥဒွန်းဌာနီ၊ နောင်ဘိုလမ်းဖူး၊ ပရကျူတ်ခီရီခန်၊ ဆုန်ခလာ၊ လွေး၊ ဆူရင်း၊ ကရပိ၊ ပတ္တနီ၊ မဟာဆရခမ်း၊ လမ်းပွန်း၊ ဥဘွန်းရာ့ချ်ဌာနီ၊ လမ်းပန်း၊ နောင်ခိုင်၊ ဖိကျစ် စတဲ့ခရိုင်တွေဖြစ်ပြီး နောက်ထပ် ချင်းမိုင်၊ ပူရီရမ်၊ ချိုင်းယဖုမ်း၊ နခွန်းဖနုန် စတဲ့ခရိုင် ၄ ခု အတည်ပြုဖို့ စောင့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

လာမယ့် ၂၀၂၂ နှစ်သစ်ထဲမှာလည်း အိုမီခရွန်ပိုးကူးစက်သူတွေ ပိုများဖွယ်ရာရှိကြောင်း၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ နှစ်သစ်ကူးကာလ ဇန်နဝါရီ ၁ ရက်မှ ၁၄ ရက်အတွင်း အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ဖြစ်နိုင်ရင်အပြင်မထွက်ဖို့ ဒေါက်တာထဝီးဆင်က တိုက်တွန်းထားပါတယ်။ 

နိုင်ငံခြားကနေ ထိုင်းကိုလာဖို့  Thailand Pass ရရှိပြီးသားသူတွေ စာရင်းပေးထားတာထက် ဝင်ရောက်လာမှုနည်းပါးသွားကြောင်း၊ မည်သို့ဆိုစေ ဝင်လာသူတွေဟာRT-PCR အနည်းဆုံး ၂ ကြိမ်စစ်ဆေးရမှာဖြစ်ပြီး ကိုဗစ်-၁၉ အချက်အလက်ကွန်ရက်ဖြစ်တဲ့ မော်ချန အပလီကေးရှင်းကိုလည်း ထည့်သွင်းထားရမယ်၊ ပြည်တွင်းခရီးသွားလာသူတွေလည်း မိမိဖာသာ ကွာရန်တင်းဝင်ကြဖို့၊ ATK ပုံမှန်စစ်ဆေးဖို့လည်း ဒေါက်တာထဝီးဆင်က သတင်းစာရှင်းပွဲမှာ တိုက်တွန်းသွားပါတယ်။ 

ကိုးကား- WorkPoint Today

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013