DVB Logo
Home
မြန်မာသတင်း
ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းနယ်မြေတွင် အလံဖြူထောင်
DVB
·
December 29, 2021
ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းနယ်မြေတွင် အလံဖြူထောင်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်  ခလရ ၂၈၉ တပ်ရင်းရဲ့ တပ်နယ်မြေအတွင်းက တောင်ကုန်းတခုပေါ်မှာ အလံဖြူထောင်ထားတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ ကိုအောင်မိုးဝင်းက “ခလရ ၂၈၉ တပ်ထဲမှာ အလံဖြူထောင်ထားတာကို မြင်နေရတာ တပတ်လောက်ရှိပြီဗျ။ အခုလ ၂၃ ရက်နေ့ကတည်းက သတိထားကြည့်မိတာ။ ၂၈ ရက်နေ့ညနေအထိ ထောင်ထားတုန်းပဲ။ ဘာကြောင့်ထောင်တာလည်းဆိုတာတော့ မသိဘူးလေဗျာ” လို့ ပြောပါတယ်။

ခလရ ၂၈၉ တပ်ရင်းမှာ အလံဖြူထောင်ပြီးတဲ့ နောက်ပိုင်းရက်တွေမှာ တပ်ထဲကို ယာဉ်အဝင်အထွက်တွေ အနည်းငယ်ရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဗိုလ်ကြီးတဦးက “တပ်ထဲမှာ အလံဖြူထောင်တဲ့အချက်က ၃ ချက်ရှိတယ်။ ယတြာချေတဲ့ သဘောလုပ်တာ၊ စစ်သည်အင်အားမရှိဘဲ သူတို့ရဲ့မိသားစုတွေပဲ ရှိနေကြလို့ ဝင်မတိုက်ပါနဲ့ဆိုတဲ့သဘောနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက တပ်တွေမှာ အလံဖြူထောင်ရင်တော့ အသာတကြည် အရှုံးပေးထားတယ်ဆိုတဲ့ သဘောတွေရှိတယ်။ အခုဟာက ဘယ်လိုကြောင့် အလံဖြူထောင်တာလည်း ဆိုတာတော့ အဲ့ဒီတပ်တွင်းထဲက သူတွေပဲ သိမှာပါ” လို့ ရှင်းပြပါတယ်။

ပလက်ဝမြို့နယ်အခြေစိုက် တပ်မ ၁၁ တပ်မမှူးနဲ့ တပ်ရင်း ၂၈၉ တပ်ရင်းမှူးတို့က ပလက်ဝမြို့နယ်မှာရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို နိုဝင်ဘာ ၂၆ ရက်နေ့ကစတင်ပြီး ရွာတရွာကိုပြည်သူ ၁၅ ယောက်နှုန်း ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ရောက်ဖို့ စာရင်းပေးသွင်းခိုင်းထားတယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013