DVB Logo
Home
မြန်မာသတင်း
မော်ဒယ် ပိုင်တံခွန်နှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အပါအဝင် ထောင်ဒဏ်ချမှတ်ခံရသူ ၄၂၃ ဦးရှိလာ
DVB
·
December 28, 2021
မော်ဒယ် ပိုင်တံခွန်နှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အပါအဝင် ထောင်ဒဏ်ချမှတ်ခံရသူ ၄၂၃ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လနီးပါးအကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၇၇ ဦးထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၂၈၂ ဦး လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၄၂၃ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖက်ဒရယ်ဂျာနယ်ရဲ့ အယ်ဒီတာနဲ့ ကဗျာဆရာဖြစ်သူ ကိုအေစိုင်းကေ (ခ) စိုင်းဝင်းအောင်ဟာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မယ့်ဝါးခီးကျေးရွာအနီး စစ်ဘေးရှောင်များ ပုန်းခိုရာနေရာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ် ကိုအေစိုင်းကေရဲ့ ဦးခေါင်းကို ကျည်ထိမှန်ကာ ကျဆုံးခဲ့တာလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နဲ့ စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြမှုအတွက် ဧပြီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သရုပ်ဆောင်နဲ့ မော်ဒယ် ပိုင်တံခွန် (ခ) စစ်ကိုပိုင်တို့အား ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလ အတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီ ကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013