DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ စစ်ကောင်စီ အမှတ် ၁၆ ခြေလျင်တပ်ရင်း တာဝေးပစ်ဒုံးကျည်ဖြင့် ပစ်ခတ်ခံရ (ရုပ်သံ)
DVB
·
December 27, 2021
မုံရွာမြို့ စစ်ကောင်စီ အမှတ် ၁၆ ခြေလျင်တပ်ရင်း တာဝေးပစ်ဒုံးကျည်ဖြင့် ပစ်ခတ်ခံရ (ရုပ်သံ)
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၆ ခြေလျင်တပ်ရင်း ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က တာဝေးပစ်ဒုံးကျည် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

PGC ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဘီရွန်က ''ကျနော်တို့ People's Guerillas Commando (မြင်းမူ) နဲ့ Monywa Young People Group (မြင်းခြံ) ညီနောင်မဟာမိတ်တွေပူးပေါင်းပြီးတော့ စကစရဲ့ ခလရ ၁၆ ကို တာဝေးပစ်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ'' လို့ အတည်ပြုပြောပါတယ်။

စစ်ဆင်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေရဲ့ လုံခြုံရေးအဆင်ပြေတဲ့အချိန်ရောက်မှ ထုတ်ပြန်ကြေညာပေးတာလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အမှတ် ၁၆ ခြေလျင်တပ်ရင်းအတွင်း သေဆုံးထိခိုက်မှုနဲ့ အဆောက်အဦ ပျက်ဆီးမှု တစုံတရာကိုတော့ အာဏာသိမ်းစစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အမည်မဖော်လိုတဲ့ မုံရွာဒေသခံတဦးက ''အဲ့ဒီညနေပိုင်းမှာ ခလရ ၁၆ ထဲက ပေါက်ကွဲသံတွေတော့ ကြားလိုက်ရပြီး စစ်ကားအသွားအလာတွေ ရှုပ်ယှက်ခပ်နေတာပဲ။ ညည့်နက်ပိုင်းအထိ တပ်ထဲမှာဆူညံနေတယ်။ လူနာတင်ကားတွေလည်း တပ်ထဲသွားရတယ်ကြားတယ်။ အထိနာတဲ့ပုံပဲဗျ။ ပြည်သူ့ကျိန်စာတွေ သင့်နေကြတာရှိမှာပါ'' လို့ ပြောပါတယ်။

အမှတ် ၁၆ ခြေလျင်တပ်ရင်းကို တာဝေးပစ် ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် တပ်တွင်းကအဆောက်အဦ ၁ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပေမယ့် သေဆုံးထိခိုက်ပျက်စီးမှု အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

အရာတော်-ထီးဆောင်းကားလမ်းပိုင်းကိုလည်း ဒီဇင်ဘာ ၁၃ ရက် နေ့စတင်ပိတ်ထားတာ ဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ ဒေသခံကာကွယ်ရေးတပ်ပေါင်းစုတွေက ထုတ်ပြန်ကြေညာထားပြီး အသုံးပြုနိုင်မယ့်ရက်ကို ပြန်လည်ကြေညာပေးမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013