DVB Logo
Home
မြန်မာသတင်း
ဘီးလင်းတွင် စစ်တပ်က အင်အားတိုးချဲ့၊ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဒေသခံ ၂၀၀၀ ခန့်ထွက်ပြေး
DVB
·
December 26, 2021
ဘီးလင်းတွင် စစ်တပ်က အင်အားတိုးချဲ့၊ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဒေသခံ ၂၀၀၀ ခန့်ထွက်ပြေး
Donate to DVB

ကေအန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေဟာ စစ်အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာစိုးရိမ်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ဘီးလင်းမြို့နယ်အတွင်းက ကြသောင်းဆိပ် (အရှေ့ပိုင်း၊ အနောက်ပိုင်း)၊ ထော်ကလော်ထာ့၊ ထီးဖာဒို့ခီး၊ ကုန်းရွာနဲ့ လေးခေါ့ထေကျေးရွာတွေက ဒေသခံ ၂၀၀၀ လောက် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က ဘီးလင်းမြို့နယ်အတွင်းက ကြသောင်းဆိပ်-BGF စခန်းကို KNLA တပ်မဟာ ၁ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေက ဝင်းတာပန် BGF စခန်း၊ လေးကေ BGF စခန်းတွေကို လက်နက်ဖြည့်တင်းပြီး စစ်အင်အားတိုးချဲ့ လှုပ်ရှားလာတာပါ။

ကြသောင်းဆိပ်ကျေးရွာသားတစ်ဦးက “လက်ရှိမှာလည်း KNU နယ်မြေတွေမှာ တိုက်ပွဲတွေက ဖြစ်နေတယ်။ ဒီမှာလည်း ဖြစ်လာနိုင်တယ်။ အကြမ်းဖက်ကောင်တွေက လက်နက်ကိုင်ချင်း မနိုင်ရင် ရွာသားတွေဖမ်း၊ အိမ်တွေ မီးရှို့ လုပ်နေကျ။ သူတို့ အဖမ်းမခံနိုင်လို့ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြတာ။ စစ်ပြေးနေရတဲ့ ဘဝတွေနဲ့ပဲ ကျနော်တို့ နေဝင်ရတော့မယ်”လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူအများစုမှာ အမျိုးသားတွေဖြစ်ပြီး၊ နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရသလို တချို့ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးငယ်တွေလောက်တာ နေအိမ်တွေမှာ ကျန်ရှိခဲ့တဲ့အတွက် လုပ်ငန်းခွင်အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကေအန်ယူ တာဝန်ရှိသူတဦးက ပြောပါတယ်။

တပ်မဟာ ၁ နယ်မြေ သထုံခရိုင်အတွင်း စစ်ကောင်စီရဲ့ စကခ ၈၊ တပ်မ-၂၂ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ-၂၀၁ နဲ့ BGF ၁၀၁၃၊ ၁၀၁၄ ပူးပေါင်းတပ်တွေက အဓိက စစ်ရေးလှုပ်ရှားနေတာလို့ ဆိုပါတယ်။

ကရင်ပြည်နယ် မြဝတီ- ကော့ကရိတ်မြို့ အာရှလမ်းမကြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မွေးမြူရေးဇုန်အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013