DVB Logo
Home
မြန်မာသတင်း
အာရှလမ်းမကြီး မွေးမြူရေးဇုန်အနီးတိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ဖြင့် တိုက်ခိုက်
DVB
·
December 26, 2021
အာရှလမ်းမကြီး မွေးမြူရေးဇုန်အနီးတိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ဖြင့် တိုက်ခိုက်
Donate to DVB

ကရင်ပြည်နယ် မြဝတီ- ကော့ကရိတ်မြို့ အာရှလမ်းမကြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မွေးမြူရေးဇုန်အနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒီနေ့မွန်းတည့် ၁၂ နာရီလောက် ဂျက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဂျက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတော့ မရှိဘူးလို့ ဆိုပါတယ်။

အာရှလမ်းမကြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မွေးမြူရေးဇုန်အနီးမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို KNLA တပ်ဖွဲ့က ဒီနေ့မနက် ၇ နာရီလောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦးလောက် ကျဆုံးခဲ့တာကြောင့် ကော့ကရိတ်အခြေစိုက် အမြောက်တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ကူခဲ့သလို လေကြောင်းကနေလည်း  လာရောက်တိုက်ခိုက်တာလို့ ဆိုပါတယ်။

အလားတူ မြန်မာ-ထိုင်းနယ်စပ် လေးကေ့ကော်မြို့သစ် ထီးမဲ့ဝါးခီး မဲ့ထော်တလေး ရွာဘက်မှာလည်း ဒီနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်နဲ့ KNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေတယ်လို့ KNLA တပ်ဖွဲ့ဝင်က ပြောပါတယ်။

ကရင်အမျိုးသား အစည်းအရုံးက နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ လေးကေကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။ 

ကရင်ပြည်နယ် လေးကေ့ကော်ကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့  KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူ ၅၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို  ထွက်ပြေးခိုလှုံနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013