DVB Logo
Home
မြန်မာသတင်း
ရွာငံတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး ပြည်သူ ၂၀ ကျော် အဖမ်းခံရ
DVB
·
December 26, 2021
ရွာငံတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး ပြည်သူ ၂၀ ကျော် အဖမ်းခံရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံမြို့နယ် နဘန်းကြီးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ရွာငံမြို့လမ်းဘေးရှိ သမဝါယမကော်ဖီစက်ရုံဝင်းထဲမှာ ဒီဇင်ဘာ ၂၂ရက်နေ့က နဘန်းကြီးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးလေး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နဘန်းကြီရွာ တောင်ပိုင်းနေ ကျေးလက်ပြည်သူ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီအင်အားအများအပြားနဲ့ ရွာကို လာတယ်၊ ရွာက ခန်းမထဲမှာ သူတို့ မသင်္ကာတဲ့သူ ၁၅၀ ကျော်လောက် ဖမ်းထည့်တယ်၊ စစ်တယ် မေးတယ်။ အဲဒီထဲကမှ ၂၀ ကျော်ကို ထပ်စစ်စရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ ဘယ်မှာထားမယ်၊ စစ်မယ်ဆိုတာတော့ မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အသက် ၇၀ အရွယ် နဘန်ကြီးအုပ်ချုပ်ရေးမှူး ဦးမျိုးလေးဟာ ထွေအုပ်ဝန်ထမ်း အငြိမ်းစားတစ်ဦးဖြစ်ပြီး ကျေးရွာသမဝါယမမှာလည်း ပါဝင်လုပ်ဆောင်နေသူဖြစ်သလို နဘန်းကြီးသမဝါယမကော်ဖီစက်ရုံမှာ ကူညီပေးနေသူ ဖြစ်တယ်လို့ သိရပါတယ်။

ဦးမျိုလေးအား ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ(၁)၊ တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၂)၊ အေးသာယာမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၁)၊ ရွှေညောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စတဲ့တပ်ဖွဲ့ ၄ ခု ပူးပေါင်း ပစ်ခတ်ခဲ့တာလို့ ကြေညာထားပါတယ်။

နဘန်းကြီးရွာဟာ ပွေးနဖားရွာ နဲ့ နဘန်းကြီးရွာ ၂ ရွာပေါင်းထားတဲ့ ကျေးရွာအုပ်စု ဖြစ်ပြီး အိမ်ထောင်စု ၁၃၀၀ ကျော်လောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013