DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၀ ဦးခန့် ကျဆုံး
DVB
·
December 26, 2021
လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၀ ဦးခန့် ကျဆုံး
Donate to DVB

စစ်ကောင်စီတပ်က ကရင်ပြည်နယ် လေးကေ့ကော်ဒေသကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ နဲ့ PDF ၁၀ ယောက်လောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က  ဒီဇင်ဘာ ၂၅ ရက်နေ့ တနေကုန်နီးပါး မြေပြင်၊ ဝေဟင် ပစ်ခတ်မှုတွေကြောင့် လူ ၁၀ ယောက်‌လောက်  ကျဆုံးပြီး အိမ်အဆောက်အဦတချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံစစ်ရှောင်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးတော့ မသိရသေးဘူးလို့ ဆိုပါတယ်၊

လေးကေ့ကော်ဒေသ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ် ၂ စီး၊ လေယာဉ် ၂ စီးအပါအဝင် မြေပြင်၊ ဝေဟင် တိုက်ခတ်ခဲ့တာကြောင့် KNLA တပ်ဖွဲ့တွေနဲ့အတူ PDF အဖွဲ့တွေ ပူးပေါင်းပြီး ပြန်လည်ခုခံတိုက်ခဲ့ကြပါတယ်။

မနေ့က တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှုနဲ့ တိုက်ပွဲအခြေအနေတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ လေးကေ့ကော်ဒေသမှာ စစ်ကောင်စီက ဒီဇင်ဘာ ၁၅ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်လာတာ ၁၀ ရက် ရှိသွားပြီဖြစ်ပြီး ဒီဇင်ဘာ ၂၀၊ ၂၃၊ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာတော့ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကရင်အမျိုးသား အစည်းအရုံးက နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ လေးကေကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။ 

စစ်ကောင်စီတပ်က လက်နှက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘက်ကိုကျခဲ့ပြီး အိမ်တလုံးပျက်စီးသွားတာကြောင့် ထိုင်းစစ်တပ်က ထိုင်းနယ်စပ်ဘက်မှာ စစ်ကျည်ကာ ကားကြီးနှစ်စီးနဲ့ ထိုင်းလုံခြုံရေးတင်းကြပ်စွာ ကင်းလှည့်စောင့်နေတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

လေးကေ့ကော်ကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့  KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူ ၅၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို  ထွက်ပြေးခိုလှုံနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013