DVB Logo
Home
မြန်မာသတင်း
မီးရှို့အသတ်ခံရသည့် ဖရူဆိုစစ်ရှောင် ၃၀ ကျော်အပါအဝင် ကျဆုံးပြည်သူ ၁၃၇၅ ဦးရှိလာ
DVB
·
December 26, 2021
မီးရှို့အသတ်ခံရသည့် ဖရူဆိုစစ်ရှောင် ၃၀ ကျော်အပါအဝင် ကျဆုံးပြည်သူ ၁၃၇၅ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လနီးပါးအကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၇၅ ဦးထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၂၅၄ ဦး လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၄၂၁ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက ကယားပြည်နယ်၊ ဖရူမြို့နယ်အတွင်းရှိ မိုဆိုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကလေးတွေအပါအဝင် ဒေသခံ ၃၅ ဦးကျော် မော်တော်ယာဉ်တွေနဲ့ စစ်ဘေးရှောင်လာစဉ် စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ဖမ်းဆီးခံရကာ မော်တော်ယာဉ်တွေနဲ့အတူ မီးရှို့သတ်ဖြတ်ခြင်းခံခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၄ က တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ လောင်းလုံး-စမ်းလှမ်းသွား လမ်းတစ်နေရာမှာလည်း စိတ်ကျန်းမာရေးကောင်းမွန်ခြင်းမရှိတဲ့ ညင်းမော်ကျေးရွာသား ကိုကန်းကြေ (ခ) သီဟကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၁၀ နာရီမှာလည်း ခလရ ၁၀၁ တပ်ရင်းက မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ထော်ကလော်ခီးကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် နော်ခီးအား ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလ အတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီ ကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013