DVB Logo
Home
မြန်မာသတင်း
နတ်ချောင်းကျေးရွာတိုက်ပွဲတွင် ကျဆုံးသူ များပြား
DVB
·
December 24, 2021
နတ်ချောင်းကျေးရွာတိုက်ပွဲတွင် ကျဆုံးသူ များပြား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၃၃ ဦး သေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့က ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက  ဒီဇင်ဘာ ၂၂ရက်နေ့ မနက်ပိုင်းမှာ နတ်ချောင်းကျေးရွာကို ယာဉ်တန်းနဲ့ ရောက်ရှိလာကြပြီး ကျေးရွာနေပြည်သူတချို့ကို မတရားဖမ်းဆီးခဲ့ပြီးနောက် ကျေးရွာက ပြန်ထွက်လာတဲ့  ယာဉ်နှစ်စီးကို နတ်မြောင်းကျေးရွာ အတွက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့က နတ်ချောင်းကျေးရွာကအထွက် နေအိမ် နှစ်လုံးကို မီးရှို့ထားခဲ့ပြီး ကျေးရွာနေပြည်သူတွေက အချိန်မီငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီး စစ်ကောင်စီက နတ်ချောင်းကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီး မွှေနှောက်ပြီးနောက် အထက်တန်းကျောင်းမှာ ၂၂ ရက်နေ့ ညနေပိုင်းက စတင်တပ်စွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်က စတင်ပြီး ကလေးမြို့ ကာကွယ်ရေး တပ်ဖွဲ့နဲ့၊ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး တပ်စွဲထားတဲ့စစ်ကောင်စီကို ပိတ်ဆို့ တိုက်ခိုက် ကြရာမှာ  ကာကွယ်ရေးတပ်တွေဘက်က အားသာနေခဲ့ပြီး နေ့လယ် ၂နာရီလောက်မှာ စစ်ကောင်စီ ဘက်က စစ်ရဟတ်ယာဉ် ၂ စီးအသုံးပြုပြီး လေကြောင်းက တရစပ်ပစ်ခတ်ခဲ့တာကြောင့် ဒေသ ကာကွယ်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ ရှိခဲ့တယ်လို့ PDF အဖွဲ့တွေက ဆိုပါတယ်။

ကလေးမြို့ဘက်က စစ်ကူအင်အားထပ်ဖြည့်ဖို့ တောင်ပိုင်းကို မောင်းနှင်လာတဲ့ အမြှောက် လက်နက်ယာဉ်တွဲ ၈ စီးကိုလည်း ကလေးမြို့ PDF အဖွဲ့တွေက ဇင်းကလင်းကျေးရွာအနီးမှာ မိုင်းဆွဲ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၃ စီး ပျက်စီးကာ စစ်သား ၁၇ ဦး သေဆုံးခဲ့တယ်လို့ PDF အဖွဲ့တွေက ဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ စစ်ကောင်စီရဲ့ MRTV ရုပ်သံလိုင်းမှာတော့ တိုက်ပွဲအတွင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၉ ဦး ကျဆုံးတယ်လို့ ကြေညာထားပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ စစ်ရေးအနေအထားအရ ကလေး-ဂန့်ဂေါ လမ်းမကြီးမှာ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခြင်း လုံး၀မပြုလုပ်ဖို့ ဒေသကာကွယ်ရေးတပ်တွေက သတိပေးစာထုတ်ပြန်ထားပါတယ်။

၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ စစ်ပွဲဖြစ်ပွားတာကြောင့် နတ်ချောင်း၊ နတ်မြောင်းနဲ့ ချောင်း ခွကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013