DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း၌ ၄ ကြိမ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေ
DVB
·
December 23, 2021
ရန်ကုန်တိုင်း၌ ၄ ကြိမ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေ
Donate to DVB

ပြီးခဲ့တဲ့ ၃ ရက်အတွင်း ရန်ကုန်တိုင်းထဲမှာ ဖောက်ခွဲတိုက်ခိုက်တာ ၄ ကြိမ်လုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့ကာ ၁၀ ယောက်ကျော် ဒဏ်ရာရတယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၀ ရက်က သုံးခွမြို့နယ်ကို ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မနက် ၈ နာရီခွဲလောက်မှာ သုံးခွပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ၊ Thongwa Youth Force၊ ကျောက်တန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး အဝေးထိန်းမိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်လို့ စစ်သား ၂ ယောက် သေဆုံး၊ ၁၀ ယောက်လောက် ဒဏ်ရာရတာလို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ စမ်းချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ အခြေပြု လှုပ်ရှားသွားလာလေ့ရှိတဲ့ ရပ်ကွက်ရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ ဗမာ့လူငယ်ကွန်ရက်က အဝေးထိန်း ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါတွေကို ပျံလွှားအောင် စစ်ဆင်ရေးအနေနဲ့ လှုပ်ရှားခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့မှာတော့ ဒဂုံအရှေ့မြို့နယ် အနော်ရထာလမ်းမကြီးပေါ်မှာ ရှေ့ထွက်မိုင်းတလုံး ဖောက်ခွဲပြီးနောက် ရောက်လာတဲ့ စစ်ကောင်စီ ကင်းလှည့်ယာဉ်တန်းကို ညပိုင်း ၇ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ Dictator Revolt Front အဖွဲ့ဝင်တွေက နောက်ထပ် မိုင်း ၂ လုံးခွဲတိုက်ခိုက်လို့ စစ်သားတချို့ ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မနေ့ မနက်ပိုင်းကတော့ ဒဂုံဆိပ်ကမ်းရဲစခန်းကို CGF-HTY နဲ့ Yangon Federal Army တို့ ပူးပေါင်း ပစ်ခတ်တိုက်ခိုက်လို့ စစ်သား ၃ ယောက် သေဆုံး၊ တချို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပြန်ကြားရေးကတော့  ဒီဇင်ဘာလ ၉ ရက်က၊ တောင်ဥက္ကလာပမြို့မရဲစခန်းအနီးကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့သူတွေကို စုံစမ်းရှာဖွေရာမှာ ကားမောင်းသူတွေနဲ့  ဖမ်းမမိသေးသူတွေရဲ့ မိဘအပါအဝင် အမျိုးသား   ၅ ဦး၊ အမျိုးသမီး  ၁ ဦး၊ ပေါင်း ၆ ဦးတို့ကို လက်နက်တွေနဲ့အတူ ဖမ်းမိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူတွေဟာ စစ်ကောင်စီက စွပ်စွဲထားသလို ရဲစခန်းကို ပစ်ခတ်မှုနဲ့ အမှန်တကယ် ဆက်နွှယ်ပတ်သက်မှု ရှိမရှိတော့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013