DVB Logo
Home
မြန်မာသတင်း
ကြိုးတပ်ထားသော်လည်း လျှပ်စစ်မီးမရသေးသဖြင့် အမြန်စီစဉ်ပေးရန် ကျောက်ဖြူဒေသခံများ တောင်းဆို
DVB
·
December 23, 2021
ကြိုးတပ်ထားသော်လည်း လျှပ်စစ်မီးမရသေးသဖြင့် အမြန်စီစဉ်ပေးရန် ကျောက်ဖြူဒေသခံများ တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော်မှာ လျှပ်စစ်ဓာတ်အားလိုင်းကြိုးတွေတပ်ဆင်ထားပြီး ထရမ်စဖော်မာတွေတည်ဆောက်ထားတာဟာ ၆ လကျော်ရှိလာပေမဲ့ လျှပ်စစ်မီးမရသေးတာကြောင့် အမြန်ဆုံးလုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

လိပ်တင်ကျေးရွာနေ  ဦးဘလှိုင်က  “ကျနော်တို့ရွာမှာ အရင်တုန်းကတော့ ကိုယ်ပိုင်မီးစက်နဲ့နေခဲ့ကြတယ်၊ နောက်ပြီးတော့ တတ်နိုင်တဲ့လူတွေက ဆိုလာပြားသုံးကြတယ်။ ဒါပေမဲ့ ကုန်သွားတဲ့ ၂ လပိုင်းကစပြီးတော့ EPC က ဒီမှာလျှပ်စစ်ရမယ်ဆိုပြီးတော့ လာလုပ်ကြတာပေါ့။ ဒီကရွာသားတွေကတော့ ပိုပြီးတော့ဝမ်းသာအားရရှိကြတာပေါ့။ အမှန်တော့ လျှပ်စစ်ဆိုတာကတော့ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခရာကျတဲ့ ကိစ္စပေါ့နော်၊ လျှပ်စစ်ရလာတာနဲ့အမျှ ကျေးရွာရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဏ္ဍပေါင်းစုံတိုးတက်လာမှာပေါ့၊ ဒါကြောင့်မို့လို့ ကျနော်တို့ ကျေးရွာသားတွေက လျှပ်စစ်ကို အလျင်အမြန်လိုချင်နေကြတာ” လို့ ပြောပါတယ်။

အခုလို ကျေးရွာအတွင်းမှာ လျှပ်စစ်ဓာတ်ကြိုးသွယ်တန်းထားပြီး ထရမ်စဖော်မာတွေတပ်ဆင်ထားပေမဲ့ လျှပ်စစ်မီးမရသေးတဲ့အတွက် မီးဖိုချောင်မှာ အချိန်များစွာပေးနေရတယ်လို့ လိပ်တင်ကျေးရွာနေ ဒေါ်မြင့်မြင့်ဝင်းက အခုလိုပြောပါတယ်။

“ကျနေတို့ရွာမှာက လျှပ်စစ်မီးကတော့ မရသေးပါဘူး။ မီးကြိုးတွေတော့ သွယ်ထားပြီပေါ့နော်၊ ထရမ်စဖော်မာတွေလည်း ထိုင်ထားပြီးပြီ။ အခုမီးမရတဲ့အခါကျတော့ ချက်ရပြုတ်ရတာလည်း ထင်းနဲ့ပဲလုပ်ရတော့ အဆင်မပြေဘူးပေါ့၊ အဲလိုမျိုးအခက်အခဲတွေရှိတာပေါ့နော်။ အဲဒါကြောင့် လျှပ်စစ်မီးကိုတော့ လိုချင်ပါတယ်။ ချက်ရပြုတ်ရတာ လျင်မြန်သက်သာလာမယ်၊ သစ်တောတွေမှာသွားပြီးတော့ ထင်းခွေစရာမလိုတော့ဘူး၊ တောတွေတောင်တွေ သွားစရာမလိုတော့ဘူး။ လျှပ်စစ်မီးနဲ့ပဲ ချက်ရေးပြုတ်ရေးက အဆင်ပြေသွားမှာပါ၊ မီးပူတွေကအစပေါ့။” 

ကျောက်ဖြူမြို့နယ်မှာ လျှပ်စစ်ဓတ်အားကြိုးသွယ်တန်းထားပြီးတဲ့ ကျေးရွာပေါင်း ၂၂ ရွာရှိကာ အဆိုပါကျေးရွာတွေကို လာမဲ့ဇန်နဝါရီလအတွင်း လျှပ်စစ်မီးအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ ကျောက်ဖြူခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ကျေးရွာပေါင်း ၂၄၉ ရွာရှိပြီး လျှပ်စစ်မီးရရှိတဲ့ ကျေးရွာ ၈၆ ရွာရှိကာ လာမဲ့လအတွင်း ကျေးရွာ ၂၂ ရွာမှာ လျှပ်စစ်မီးရရှိလာမှာဖြစ်တာကြောင့် မီးမရသေးတာ ကျေးရွာ ၁၄၁ ရွာ ကျန်နေသေးတယ်လို့လည်း ကျောက်ဖြူခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013