DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုတွင် လူငယ် ၄၀ ကျော် မတရားဖမ်းဆီးခံရ
DVB
·
December 23, 2021
အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုတွင် လူငယ် ၄၀ ကျော် မတရားဖမ်းဆီးခံရ
Donate to DVB

ကချင်ပြည်နယ်  ပူတာအိုခရိုင်အတွင်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီး ခံရသူ ဒေသခံလူငယ် ၄၀ ကျော်လောက်ရှိပြီလို့ ပူတာအိုဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းတာကို မလိုလားလို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းက လူငယ် ၄၀ ကျော် မတရားဖမ်းဆီးခံထားရပြီး လူငယ်တချို့ကတော့ ဆက်လက် ထိန်းသိမ်းခံရဆဲဖြစ်ပြီတယ်လို့ ပူတာအိုဒေသခံလူငယ်တစ်ဦးက ခုလိုပြောပါတယ်။

"ပူတာအိုလူငယ်ထုအရေး အလွန်ကိုစိုးရိမ်တယ်။ လတ်တလောမှာဆိုရင် ကိုဒိန်ခန်ဒူခေါ်ရှိတယ်။ သူ့ကိုလည်း မတရားဖမ်းဆီးထားတယ်။ စစ်ကြောရေးမှာ ရိုက်နက်၊ နှိပ်စက်ခံရတာရှိတယ်။ ပူတာအိုလူငယ်တွေက တောထဲမှာ တိမ်းရှောင်နေရတယ်။  လူငယ်တွေ အနာဂတ်ပျောက်နေပြီ။”

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ဟာ သတင်းအမှောင်ချခံရတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနေပြည်သူ့စစ်က သတင်းပေးလို့ မတရားဖမ်းဆီးခံရသူ ၆ ဦးအထဲက တစ်ဦး ခုချိန်ထိ မလွတ်မြောက်လာသေးဘူးလို့  ခေါင်လန်ဖူးဒေသခံလူငယ်တစ်ဦးကလည်း ပြောပါတယ်။

"ပူတာအိုလူငယ်တွေရဲ့ ဘ၀ လုံခြုံမှုမရှိတာက လူကြီးပိုင်းတွေရဲ့ ပါ၀င်မှု မရှိလို့ ဖြစ်တယ်။ ကျနော်တို့ခေါင်လန်ဖူးဒေသမှာလည်း စစ်ကောင်စီကို ဆန့်ကျင်တဲ့သူရှိပေမဲ့ ပြည်သူ့စစ်တွေ လွှမ်းမိုးတဲ့ ဒေသဖြစ်လို့ လုံး၀ လှုပ်ရှားလို့ မရဘူး။ သတင်းတစ်ခုခု ပေးချင်ရင်တောင် ပေးလို့မရတဲ့အခြေအနေ။” လို့ ပြောပါတယ်။

ပူတာအိုခရိုင် နောင်မွန်မြို့မှာ လူကြီးပိုင်းတွေဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဒေသခံ ပြည်သူတွေကို စစ်သင်တန်းကို တစ်အိမ်တစ်ယောက် မတက်မနေရ အမိန့်ထုတ်ပြီး အနိုင်ကျင့်မှု တွေလည်း ရှိတယ်လို့ ပြောပါတယ်။

"နောင်မွန်ဒေသက စစ်ကောင်စီကို လက်ခံတဲ့ သူတွေက အုပ်စိုးခြင်းခံရတယ်။ ကျနော်တို့‌ ဒေသက ခေတ်အဆက်သတင်းအမှောင်ချခံရတဲ့ ဒေသလည်းဖြစ်တယ်။ သတင်းစီးဆင်းမှုမရှိလို့ သူတို့က အခွင့်အရေးယူတယ်။ ဟိုတလောကဆို သိက္ခာတော်ရ ဓမ္မဆရာ(၃) ဦးကိုလည်း မတရားချုပ်နှောင်ခဲ့တာလည်းရှိခဲ့သလို ပြည်သူ့စစ်သင်တန်းကို တစ်အိမ်တစ်ယောက် မတက်မနေရဟု အမိန့်ထုတ်ပြီး သင်တန်းယူခိုင်းတာရှိတယ်။ ဒီလုပ်ရပ်တွေအပေါ် လူငယ်တစ်ဦးအနေနဲ့ ရှုတ်ချတယ်။”

ပူတာအိုဒေသခံလူငယ်တွေကို အာဏာသိမ်းစစ်ကောင်စီဘက်က PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြကာ မတရားဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013