DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ် KNU တပ်မဟာ ၆ နယ်မြေထဲကို စစ်ကောင်စီတပ်များ ကျူးကျော်ဝင်ရောက်
DVB
·
December 22, 2021
ကော့ကရိတ်မြို့နယ် KNU တပ်မဟာ ၆ နယ်မြေထဲကို စစ်ကောင်စီတပ်များ ကျူးကျော်ဝင်ရောက်
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီရဲ့တပ် အင်အား ၁၀၀  လောက်ဟာ ဒီဇင်ဘာ ၂၂ ရက် မနက်က  ကျူးကျော်ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

ဒီမနက် ၅ နာရီခွဲလောက်က စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက်ဟာ ကော့နွှဲကျေးရွာကနေ တဆင့်နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် ကေအန်ယူ နယ်မြေခံတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်သလို ဖမ်းဆီးခံရမှာကြောက်ပြီး ကော့နွှဲ၊ ရွာသစ်ကုန်း၊ အံကလောင်ကျေးရွာတွေနဲ့ အနီးအနားဝန်းကျင်က ဒေသခံပြည်သူလူထုတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ကော့နွှဲကျေးရွာသားတစ်ဦး ”မနေ့က အာရှလမ်းမကြီးနားမှာ တိုက်ပွဲဖြစ်တယ်။ ဒီမနက် အစောကြီး ရွာထဲဝင်လာတယ်။ ကေအန်ယူက ခွင့်မပြုထားဘူးဆိုတာ သိထားတယ်။ နှစ်ဘက်ထိပ်တိုက်တွေ့ရင် တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေကျူးကျော်ဝင်ရောက်လာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကေအန်ယူ ဒူးပလာယာခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ အစည်းအဝေးတက်ရောက်နေတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြန်လည်‌ဖြေကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းက ကော့နွှဲကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း ၁၈၊ တပ်ရင်း ၂၇ တပ်တွေနဲ့ ထိပ်တိုက်ပစ်ခတ်မှု ၁၅ မိနစ်ကြာ ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်က မွန်းလွဲ ၂ နာရီထိ ရွှေကြက်မင်းဘုရားကုန်းဘက်ကနေပြီး လက်နက်ကြီး  အချက် ၃၀ ပစ်ခတ်ခဲ့တယ်လို့ ကေအန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။ 

ဒီဇင်ဘာ ၂၀ ရက်က အာရှလမ်းမကြီးအနီး တောနော်ရေတံခွန်အနီးမှာ နယ်မြေဖြတ်ကျော်ပြီး ခြေလျင်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၁၈၊ တပ်ရင်း ၂၇၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူးအပါအဝင် ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013