DVB Logo
Home
မြန်မာသတင်း
KNLA သိမ်းထားသည့် ကျသောင်းဆိပ်တပ်စခန်းကို စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲ
DVB
·
December 22, 2021
KNLA သိမ်းထားသည့် ကျသောင်းဆိပ်တပ်စခန်းကို စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲ
Donate to DVB

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က သိမ်းယူထားတဲ့ ဘီးလင်းမြို့နယ် ကျသောင်းဆိပ်တပ်စခန်းကို စစ်ကောင်စီတပ် အင်အား ၈၀ လောက်က  ဒီဇင်ဘာ ၂၁ ရက် ညပိုင်းမှာ ပြန်လည်ရောက်ရှိလာတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီကျသောင်းဆိပ် BGF တပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့တုန်းက KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီတပ်စခန်းကို စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့် BGF တပ်အင်အား ၈၀ လောက်က လာရောက် တပ်စွဲနေထိုင်နေတဲ့အတွက်ကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေပါတယ်။

စစ်ကောင်စီတပ်တွေ ပြန်လည် ရောက်ရှိလာတဲ့အတွက်ကြောင့် KNLA တပ်မဟာ(၁) ၊တပ်ရင်း (၂) နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က စစ်ရေးအသင့် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ကျသောင်းဆိပ် တပ်စခန်းကို စစ်ကောင်စီတပ်တွေ ထပ်မံရောက်ရှိလာလို့ ဒေသခံတွေက တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်ပြီး အနီးအနားကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံက  ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ကျသောင်းဆိပ်ကျေးရွာရှိ BGF တပ်စခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိက္ခာပို့တာနဲ့ တပ်ပြောင်းတာ ပုံမှန်ပြုလုပ်နေတဲ့ တပ်စခန်းတစ်ခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013