DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့နယ်အတွင်း စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံး
DVB
·
December 22, 2021
ရေဦးမြို့နယ်အတွင်း စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ရေမြက်ကျေးရွာမှာ စစ်ကောင်စီက ရဟတ်ယာဉ် ငါးစီး အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အပါအဝင် ကျေးရွာသား ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့နေလယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်အင်အားအများအပြားနဲ့ လေကြောင်းက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ထွက်ပြေးနေကြတဲ့ ပြည်သူတွေကိုပါ ထိမှန်ပြီး အများအပြားသေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ရဟတ်ယာဉ် ငါးစီးနဲ့ ခေါက်တုံ့ခေါက်ပြန် နှစ်ကြိမ်ထက်မနည်း ပျံသန်းပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျေးရွာ ပတ်ချာလည်မှာ ချထားခဲ့ပြီး ပိတ်ဆို့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာဒေသခံ တချို့ ပြေးပေါက်ပိတ်ခဲ့ပြီး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အပါအဝင် ကျေးရွာသား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ဒိထက် ပိုနိုင်ကြောင်း၊ စိတ်ကျန်းမာရေး မကောင်းသူတစ်ဦးလည်း မီးလောင်မှုအတွင်း သေဆုံးသွားခဲ့တယ်လို့  ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။

“စိတ်မကျန်းမာတဲ့ လူတစ်ယောက်လည်း မီးထဲမှာ ပါပြီးသေသွားတယ်။ အခုထိ ရွာကို မပြန်ရဲကြသေးဘူး။ သူတို့ ထောက်ပို့ခေါ်တာလား ကားတွေနဲ့လည်း အင်အားသုံး ရွာကိုဝိုင်းထားတာ ရှိသေးတယ်။ ဒီနေ့အထိ သူတို့က သေနတ်ကြီးတွေကိုင်ပြီးတော့ ဥယျာဉ်တို့ ခေါစပ်ကုန်းတို့ ဘက်မှာ နေရာဝင်ယူထားတုန်း၊ သေတာကတော့ ၁၀ဦး လောက်ရှိမယ်လို့တော့ကြားတယ်၊ အဲ့ဒီထက်မကလည်း ရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ ဘယ်သူမှ ရွာကို မပြန်ရဲကြသေးဘူးလေ၊ ကိုယ့်အိမ်ကလူတွေ စုံ မစုံ ပြန်စစ်ရအောင်ကလည်း ဘယ်သူက ဘယ်ဘက်ကို ပြေးရင်းလွှားရင်း ပါသွားမှန်းမသိ၊ သေလား ရှင်လားလည်း မသိ၊  ဟုတ်တယ်လေ ရွာကိုလည်း မီးရှို့တာတွေ ဖျက်ဆီးတာတွေလုပ်တယ်။ အဲဒီလို မီးရှို့လို့ စိတ်မကျန်းမာတဲ့လူက မီးထဲ ပါပြီး သေတာလေ။ မီးရှို့နေတာကတော့ တရွာလုံးပြာကျသွားပြီ ထင်တာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၂၁ရက်နေ့အထိ ရေမြက်ကျေးရွာအနီးမှာရှိတဲ့ ဥယျာဉ်ကျေးရွာ၊ ခေါစပ်ကုန်းကျေးရွာ တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ နေရာအနှံ့မှာ တပ်စွဲနေရာယူထားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ MRTV သတင်းမှာတော့ ကျေးရွာအတွင်း ဒီဇင်ဘာ ၂၀ ရက်နေ့မနက်ပိုင်းက KIA အဖွဲ့၊ NLD ပါတီဝင်နဲ့ PDF ခေါင်းဆောင်တွေ အင်အား ၁၀၀ လောက် အစည်းအဝေးပြုလုပ်ဖို့ စုဝေးနေကြောင်း လျှို့ဝှက် သတင်းပေးပို့တာကြောင့် မွန်းလွဲ ၁ နာရီလောက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ၄ ဦး အသေဖမ်းမိကာ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

ရေဦးမြို့နယ် ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး မြဝတီနဲ့ MRTV ဖော်ပြချက်တွေဟာ လုပ်ကြံသတင်းသာဖြစ်ပြီး အကျအဆုံးစာရင်း အတည်ပြုနိုင်ဖို့ ကြိုးစားဆဲဖြစ်တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ရေဦး) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013