DVB Logo
Home
မြန်မာသတင်း
ရေစကြိုနှင့်မြင်းခြံ PDF အဖွဲ့ပူးပေါင်းပြီး တာဝေးပစ်စိန်ပြောင်း ထုတ်လုပ်
DVB
·
December 21, 2021
ရေစကြိုနှင့်မြင်းခြံ PDF အဖွဲ့ပူးပေါင်းပြီး တာဝေးပစ်စိန်ပြောင်း ထုတ်လုပ်
Donate to DVB

မြင်းခြံမြို့ PDF အဖွဲ့နဲ့ ရေစကြိုမြို့ ရေလယ်ကျွန်းဒေသက PDF အဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီး တာဝေး ပစ် အဝေးထိန်းစိန်ပြောင်း ထုတ်လုပ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

စမ်းသပ်ထုတ်လုပ်မှုမှာ ၁၅ ရက် ဝန်းကျင်လောက် ကြာမြင့်ခဲ့ပြီး စိန်းပြောင်းနဲ့ ထည့်ပစ်ရတဲ့ အသီး ပြုလုပ်စဉ်မှာ အခက်အခဲတွေရှိခဲ့တယ်လို့ PDF အဖွဲ့တွေက ထုတ်ပြန်ကြေညာထားပါတယ်။

ရေစကြိုမြို့ ရေလယ်ကျွန်းဒေသတွေမှာ စစ်ကောင်စီတပ်က  မကြာခဏ ဝင်ရောက် ပစ်ခတ်လေ့ရှိပြီး ကျေးရွာဒေသခံတွေလည်း ထိမှန်သေဆုံးမှုတွေ၊ ကျွဲနွားသေဆုံးမှုတွေ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေကို ကာကွယ်တိုက်ထုတ်နိုင်ဖို့အတွက် အခုလိုလက်နက်တွေကို တီထွင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီကို တွန်းလှန်တိုက်ထုတ်ရာမှာ  စစ်ကောင်စီဘက်က လက်နက်တွေက ရှိပြီးသားဖြစ်ပေမယ့်လည်း ဒေသခံ PDF တွေအတွက်ကတော့ ဘာလက်နက်မှမရှိတဲ့အတွက် အခုလို တီထွင်ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။

“စမ်းသပ်ထုတ်လုပ်နေတာတော့ ၁၅ ရက်ဝန်းကျင်လောက်ကြာတယ်ဗျ၊ စိန်ပြောင်းရယ်ထည့်ပစ်ရ တဲ့ အသီးရယ်အတွက် အခက်အခဲတွေရှိတယ်။ ဘာကြောင့်လုပ်ခဲ့ရလဲဆိုရင် လက်နက်ကြီးဆိုတာက ဝယ်ယူဖို့မတတ်နိုင်ဘူးဗျ၊ အဲ့တော့ ကိုယ်တိုင်တီထွင် ပြီးစမ်းသပ်ထုတ်ရတာပေါ့။ လက်နက်ကြီးတွေက စကစမှာက ရှိတယ်လေ၊ ကျနော်တို့မှာက အခုလို ထုတ်လုပ်မှ ရနိင်တာပါ” လို့ MG6  ပြောက်ကျားတပ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၁  ရက်နေ့ကလည်း ရေစကြိုမြို့ ရေလယ်ကျွန်းကျေးရွာတွေဖြစ်တဲ့ ရွှေလှံကျေးရွာတွေမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာထဲက ပြည်သူတွေ ကျေးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဇရပ်အတွင်း နားနေတဲ့ လူငယ်တစ်ဦးလည်း ပစ်သတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ပြီး နေအိမ်အတွင်းက ငွေကြေးနဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013