DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အသက် ၅ နှစ်မှ ၁၁ နှစ်ထိ ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခွင့်ပြု
DVB
·
December 21, 2021
ထိုင်းတွင် အသက် ၅ နှစ်မှ ၁၁ နှစ်ထိ ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခွင့်ပြု
Donate to DVB

ထိုင်းနိုင်ငံမှာ အသက် ၅ နှစ်မှ ၁၁ နှစ်ရွယ် ကလေးတွေကို Pfizer  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးဖို့ ထိုင်းအစားအစာနဲ့ဆေးဝါးဦးစီးဌာနက ခွင့်ပြုချက်ပေးလိုက်တယ်လို့ ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းကလေးတွေကို ကာကွယ်ဆေးထိုးဖို့ Pfizer ကုမ္ပဏီက တင်ပြထားတာကို ထိုင်းအစာနဲ့ဆေးဝါးဌာနက ခွင့်ပြုလိုက်တဲ့နောက် ထိုင်းအစိုးရက အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးပေါင်း ၅ သန်းကျော်ကို Pfizer ကာကွယ်ဆေးရရှိအောင် ဆောင်ရွက်သွားမယ်လို့ ထိုင်းအစိုးရအိမ်တော် ပြောရေးဆိုခွင့်ရှိသူ နန်းဆောင်ရာ့ချ်ဒါး ထနာဒီးဒေက ထုတ်ပြန်ပါတယ်။ 

အသက် ၅ နှစ် နဲ့ ၁၁ နှစ်ကြား ကလေးတွေအတွက် ကိုဗစ်ဆေးပြင်းအား ၃ ပုံ ၁ ပုံ လျှော့ထားပေးပြီး ပထမတကြိမ်ထိုးနှံပြီးတဲ့နောက် နောက်ထပ်ရက်ပေါင်း ၂၁ ရက်အကြာမှာ ဒုတိယအကြိမ်ထပ်ထိုးရမယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်ကတော့ အသက် ၁၂ နှစ်နဲ့အထက် လူငယ်လူရွယ်ကျောင်းသားတွေကို Pfizer  ထိုးပေးခဲ့တာပါ။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇကွဲ အိုမီခရွန်ပိုးကူးစက်ခံရသူ ၆၅ ဦး အတည်ပြုထားပြီး နောက်ထပ် ၂၀ ကျော်ကိုမှာလည်း သက်ဆိုင်ရာရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။ 

ထိုင်းရဲ့ ဒီကနေ့ကိုဗစ်-၁၉ အခြေအနေမှာ ပိုးတွေ့လူနာသစ် ၂၄၇၆ ဦးရှိပြီး သေဆုံးသူ ၃၂ ဦးရှိပါတယ်။ မနှစ် ၂၀၂၀ ပြည့်နှစ်ကနေ  ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်အထိ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရသူပေါင်း ၂၁၉၆၅၂၉ ဦး ၊ သက်သာပျောက်ကင်းသူပေါင်း ၂၁၃၆၁၉၇ ဦး နဲ့ သေဆုံးသူပေါင်း ၂၁၄၄၀ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013