DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့်ဖြစ်သည့် တိုက်ပွဲလှုပ်ရှားမှုများ အွန်လိုင်းပေါ်မတင်ရန် ကေအန်ယူ ‌မေတ္တာရပ်ခံ
DVB
·
December 21, 2021
စစ်ကောင်စီတပ်နှင့်ဖြစ်သည့် တိုက်ပွဲလှုပ်ရှားမှုများ အွန်လိုင်းပေါ်မတင်ရန် ကေအန်ယူ ‌မေတ္တာရပ်ခံ
Donate to DVB

ကရင်ပြည်နယ်၊ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ  ဒူးပလာယာခရိုင်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ရေးလှုပ်ရှားမှုတွေကို အွန်လိုင်းလူမှုကွန်ရက်ပေါ် မတင်ကြဖို့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကေအန်ယူက ‌မေတ္တာရပ်ခံထားပါတယ်။

နှစ်ဘက် တိုက်ပွဲဖြစ်ပွားနေစဉ်နဲ့ ဖြစ်ပွားပြီးနောက်ပိုင်းဖြစ်စေ၊ စခန်းသိမ်းယူပြီးတဲ့နောက်ပိုင်း ဖြစ်စေ စစ်ရေးအစီအစဥ်အရ KNLA တပ်ဘက်က  ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ ရှိနေတဲ့အတွက် စစ်ရေးလှုပ်ရှားမှုတွေကို အွန်လိုင်း (online) လူမှုကွန်ရက်ပေါ်  အလျင်စလို ဖြန့်ဝေလိုက်တာနဲ့ ရန်သူကို သတင်းပေးပို့ရာ သက်ရောက်စေတဲ့အတွက် စစ်မြေပြင်အတွင်း စစ်ရေးအစီအစဥ်တွေကို ထိခိုက်မှုဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဖြစ်လေ့ဖြစ်ထရှိတဲ့ စစ်ပြေးဒုက္ခသည်ပြည်သူတွေရဲ့ နေရာတွေကို မြေပုံညွှန်းနဲ့တကွ ဖော်ပြတာတွေ ပြုလုပ်မိတာနဲ့ စစ်ပြေးဒုက္ခသည်တွေကို အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က ပစ်မှတ်ထားလာနိုင်တဲ့အပြင် လုံခြုံမှုမရှိစေအောင် ပြုလုပ်သလို ဖြစ်စေတယ်လို့  ဆိုပါတယ်။

ဒါ့အပြင် KNLA တပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဘက်က လေယာဥ်နဲ့ လာရောက်ဗုံးကြဲ ပစ်ခတ်တာတွေနဲ့ စစ်ကူတပ်ဖွဲ့ စေလွှတ်တာတွေ ပြုလုပ်လေ့ရှိပါတယ်။

KNLA  တပ်မဟာ ၆ တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်ကိစ္စရပ်တွေပြီ းဆုံးပြီး လုံခြုံစိတ်ချတဲ့နေရာကို ပြန်လည်ရောက်ရှိချိန်မှသာ အွန်လိုင်းလူမှုကွန်ရက်ပေါ် သတင်းတွေကို ဖြန့်ဝေကြဖို့နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ကေအန်ယူက မေတ္တာရပ်ခံထားပါတယ်။

ကရင်ပြည်နယ်၊ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ  ဒူးပလာယာခရိုင်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဒီဇင်ဘာ ၁၅ ရက်ကစပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ဒေသခံထောင်ချီ ထိုင်းဘက်ခြမ်း တိမ်းရှောင်ခိုလှုံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013