DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် လူငယ်တက်တူးဆရာ ၁ ဦး အပါအဝင် ၃ ဦးဖမ်းဆီးခံရ
DVB
·
December 21, 2021
တောင်တွင်းကြီးတွင် လူငယ်တက်တူးဆရာ ၁ ဦး အပါအဝင် ၃ ဦးဖမ်းဆီးခံရ
1 / 2
Donate to DVB

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ဒီဇင်ဘာ ၁၉ ရက်နေ့၊ မနက် ၁ နာရီဝန်းကျင်က တောင်တွင်းကြီးမြို့၊ ရပ်ကွက် ၃ ခုမှာနေထိုင်တဲ့ လူငယ်တက်တူးဆရာ ၁ ဦးအပါအဝင် လူငယ် ၃ ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူလူငယ် ၃ ဦးဟာ တောင်တွင်းကြီးမြို့၊ ရွှေအိုး ၂ ရပ်ကွက်က လူငယ်တက်တူးဆရာလည်းဖြစ်၊ မြို့မစျေးမြောက်ဘက်မှာ 744 အမည်နဲ့ Fashion စတိုးဆိုင်ဖွင့်လှစ်ထားတဲ့ ကိုထက်ဝေမိုးဦး၊ မောင်းတိုင် ၁ ရပ်ကွက်မှာနေထိုင်တဲ့ MPT ဝန်ထမ်း ကိုရဲရင့်ထွန်းနဲ့ ရွှေကြာအင်း ၂ ရပ်ကွက်၊ ဝင်းသီရိပုံနှိပ်တိုက်က ကိုသက်ပိုင်အောင် တို့ဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ကိုထက်ဝေမိုးဦးရဲ့ မိသားစုဝင်တဦးက “ညကြီးအိပ်နေတဲ့အချိန်ကြီး လာဖမ်းတာ။ ဖမ်းတာကို ရိုးရိုးမဖမ်းဘူး။ အိမ်ထဲမှာလည်းရိုက်တယ်။ အိမ်ရှေ့နဲ့ လမ်းပေါ်မှာပါ အသေရိုက်ပြီးခေါ်သွားတာ။ အိမ်ကနံရံမှာ အလှချိတ်ထားတဲ့ ဓားရှည်တွေပါသိမ်းသွားတယ်” လို့ ပြောပါတယ်။

ကိုထက်ဝေမိုးဦးနဲ့အတူ တညတည်းဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးတို့ကိုတော့ စစ်ကြောရေးမှာ လူမဆန်စွာ တကိုယ်လုံး ရောင်ကိုင်းနေအောင် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးလိုက်ကာ တက်တူးဆရာ ကိုထက်ဝေမိုးဦးကိုတော့ တောင်တွင်းကြီးမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။

“စစ်သားတွေကပဲ ပြည်သူတွေကို ရန်သူလိုသဘောထားပြီး ညှဉ်းပန်းနှိပ်စက်နေတာ။ တော်လှန်ရေးမလုပ်ဘဲ ကိုယ့်စီးပွားရေးကိုပဲ လုပ်နေတဲ့ လူငယ်တွေကိုဖမ်းပြီး ညှဉ်းပန်းနှိပ်စက်တာ လွန်လွန်းလာပြီ။ ကျနော်လည်း စစ်သားပဲ။ ပြည်သူကို နှိပ်စက်တဲ့အထဲမှာ ကျနော် မပါဘူး။ မြင်ရပါများလာတော့လည်း ပြည်သူတွေကို သနားလာတယ်။ စစ်တပ်ကိုလည်း စွန့်ခွာချင်လာတယ်” လို့ စစ်ကြောရေးနဲ့နီးစပ်သူတဲ့ စစ်သားတဦးက ပြောပါတယ်။

တက်တူးဆရာ ကိုထက်ဝေမိုးဦးကို ဖမ်းဆီးချုပ်နှောင်ထားတာနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ တောင်တွင်းကြီးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ''အလုပ်ရှုပ်တယ်။ မဖြေနိုင်ဘူး” လို့ တာဝန်ကျရဲတဦးက ပြန်လည်ဖြေကြားပါတယ်။

တောင်တွင်းကြီးနယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆတ်သွားတိုက်နယ်ရဲစခန်းက နယ်ထိန်း ၁ ဦး လုပ်ကြံခံရပြီး စစ်ကောင်စီလက်အောက်ခံတွေဟာ လူငယ်တချို့ကို သံသယနဲ့ ဖမ်းဆီးနှိပ်စက်ချုပ်နှောင်နေတာလို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013