DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများ သောက်သုံးရေအခက်ကြုံ
DVB
·
December 20, 2021
ကရင်နီစစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများ သောက်သုံးရေအခက်ကြုံ
1 / 5
Donate to DVB

ကယားပြည်နယ်အတွင်း စစ်ရှောင်တွေအများဆုံးခိုလှုံနေထိုင် နေကြတဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေထဲမှာ ရေရှားပါးမှုကြောင့်  ဒေသခံပြည်သူတွေ  သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

အဆိုပါ ဒေသတွေဟာ မူလကတည်းက ရေရှားပါးတဲ့အတွက် ရေအခက်အခဲရှိခဲ့တဲ့ဒေသဖြစ်ပြီး အခုလက်ရှိအချိန်မှာ ရေမလုံလောက်တော့တဲ့နေအထားဖြစ်သလို လာမယ့်လတွေမှာ ပိုပြီး အခက်အခဲဖြစ်လာနိုင်တယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ရှိသူတဦးဖြစ်တဲ့  ခွန်းမြင့်နိုင်က ပြောပါတယ်။

“ကျနော်တို့ စစ်ဘေးရှောင်အများဆုံးကတော့ ဒီးမော့ဆိုနဲ့ မိုးဗြဲ၊ ဖယ်ခုံပေါ့။ အဲဒီမှာ ရှိနေတဲ့ ပြည်သူလူထုတွေက အနောက်ဘက်ခြမ်းကိုပဲ ပြေးကြတယ်။ ဒီအနောက်ဘက်ခြမ်းဆိုတာ ရေအရမ်းခက်ခဲတဲ့ဒေသ ဖြစ်တယ်။ တချို့အိမ်တွေက မိုးရေလှောင်ကန်တွေ သူတို့လှောင်ထားတဲ့ ဟာတွေက တနှစ်စာအတွက် သူတို့ မျှော်လင့်ထားတဲ့ဟာတွေက ရေက အဆင်မပြေတော့ဘူး။ ရေကအခုကတည်းက ကုန်သလောက် ဖြစ်နေတယ်။ တမိသားစု သုံးတဲ့ဟာကို မိသားစု သုံး လေး ငါးခု ဝိုင်းပေါင်းသုံးကြတဲ့အတွက်ကြောင့်မို့ မိုးရွာရင် ရွာသလို ရတယ်။ ဒါပေမဲ့ အခု မိုးမရွာတော့တဲ့အတွက် ရေက ကုန်သလောက် ဖြစ်နေပြီ။ ဆိုတော့ ရေက ဘယ်လိုလုပ်ရသလဲ ဆိုတော့ ဟိုးလွီးကထီးတို့ ဒီ ၁၀ မိုင် ၁၅ မိုင်လောက်ဝေးတဲ့နေရာမှာ ဆင်းခပ်ရတဲ့အခါ ရှိတယ်။ ဆင်းခပ်တဲ့အခါမှာ ထော်လာဂျီစက်နဲ့ လိုက်ရောင်းတဲ့သူဆီကနေ ဝယ်ရတာတွေရှိတယ်။ အလှူခံရတာတွေ ရှိတယ်။”

ဒါကြောင့် ဒီလို သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် ရေရရှိဖို့ အရေးပေါ် ကူညီမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

“လူတွေကတော့ ရေလိုအပ်ချက် ကြီးမားနေတယ်။ ခါတိုင်းနှစ် ဒီလိုမျိုး လူအုံနဲ့ကျင်းနဲ့ မရှိတာတောင် နွေရာသီ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလက စပြီး ရေခန်းခြောက်တာတွေ များနေတော့ ရေပြဿနာ နဂိုကတည်းက ရှိထားတဲ့ ဒေသဖြစ်တယ်။ ဒီနှစ်တော့ ရေပြဿနာ ပိုပြီး အကြီးအကျယ်ဖြစ်မယ့်အနေအထားပဲ”

ဒီလို ရေရှားပါးမှုကြောင့် လူမှုရေးနဲ့ ကျန်းမာရေးပြဿနာတွေပါ နောက်ဆက်တွဲဖြစ် ပေါ်လာနေတဲ့ အနေအထားမှာ ရှိတယ်လို့လည်း ပြောပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ နှစ်စဉ် ရေရှားပါးမှုနဲ့ကြုံတွေ့ခဲ့ရပြီး ဖေဖော်ဝါရီလကလည်း သောက်သုံးရေတွေ ခန်းခြောက်ပြီး ဒေသခံတွေ ရေရှားပါးမှုနဲ့ ကြုံတွေ့ခဲ့ရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013