DVB Logo
Home
မြန်မာသတင်း
ခမီတိုင်းရင်းသားရိုးရာ ဆနီပွဲတော် ဘူးသီးတောင်မြို့တွင် ကျင်းပ
DVB
·
December 18, 2021
ခမီတိုင်းရင်းသားရိုးရာ ဆနီပွဲတော် ဘူးသီးတောင်မြို့တွင် ကျင်းပ
1 / 6
Donate to DVB

နတ်တော်လပြည့်နေ့ ကျရောက်တဲ့ ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာဆနီပွဲတော်ကို  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က ဂန္ဓာရီပရဟိတကျောင်းမှာ ဒီဇင်ဘာ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။

ခမီလူမျိုးများစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဦးခင်မောင်လွင်က “နှစ်သစ်ကူးဆနီပွဲက ခမီလူးမျိုးတွေရဲ့ ရှေ့ယခင် ဘိုး၊ဘွားတွေ လက်ထက်ကတည်းက ကျင်းပခဲ့ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် မဖွံ့ဖြိုးမတိုးတက်တဲ့အတွက် ရေရှည် မကျင်းပနိုင်ခဲ့ကြဘူး။ ၂၀၁၈ ခုနှစ်ကတည်းကစပြီး စတင်ကျင်းပလာနိုင်ခဲ့ကြတယ်။ အခုလို ကျင်းပနိုင်ဖို့ အားလုံးစည်းစည်းလုံးလုံးနဲ့ ညှိနှိုင်း ကြိုးစားခဲ့ကြရတယ်။ အခုလို မိမိတို့ရဲ့ ရိုးရာဓလေ့ပွဲကျင်းပနိုင်လို့ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာရတယ်”လို့ ပြောပါတယ်။

ခမီရိုးရာနှစ်သစ်ကူဆနီပွဲဟာ ‘နေ’ထွက်လာတဲ့အချိန်မှာ နေထွက်​အကကို ကကြပြီး ‘လ’ထွက်လာတဲ့ အချိန်မှာ လထွက်​အက ကို ကကြရပါတယ်။

ဆနီပွဲကျင်းပတဲ့ကွင်းမှာ ‘လ’တိုင်​နဲ့ ‘နေ’တိုင်​ကို စိုက်​ထူရာမှာ ဝါး ၇၅ လုံးနဲ့ ပြုလုပ်​ရတယ်​။ လတိုင်​နဲ့​နေတိုင်​မှာ ကျွဲ၊ နွား တကောင်​စီ ချည်​ပြီး သတ်​ဖြတ်​ပူ​ဇော်​ကြရတယ်​။ နောက်​ရက်​တွေမှာ ကပွဲ ဆက်​ကျင်းပချင်​တယ်​ဆိုရင် ​ငွေ​ကြေးတတ်​နိုင်​သူ​တွေက ၀က်​ကို ချည်​နှောင်​ပြီး သတ်​ဖြတ်​ပူ​ဇော်​ ကပြကြရပါတယ်​။ ပွဲရက်​တိုးချဲ့ကပြမယ်​ဆိုရင် နောက်​ထပ်​သား​ကောင်​တွေကို ချည်​နှောင် ​သတ်​ဖြတ်​ပြီး ကပြရပါတယ်။

ခမီအမျိုးသမီးမနီနီဝင်းရွှေက “ကျမတို့ ရိုးရာ ဆနီပွဲကို အခုလို ကျင်းပနိုင်တာ အလွန်ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ နောက်လည်း ဒီထက်မကစည်ကားစွာ ကျင်းပနိုင်ဖို့ ကျမတို့ ကြိုးစားသွားရမှာပါ” လို့ ဆိုပါတယ်။

ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာ ဆနီပွဲကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတကျောင်းမှာ ကျင်းပခဲ့ပြီး မြောက်ဦးမြို့နယ် ‌လောင်ရီချောင်းကျေးရွာမှာ တနှစ်ကျင်းပခဲ့ကာ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မကျင်းပနိုင်ခဲ့ပါဘူး။ 

၂၀၁၈ ခုနှစ်မှာ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတကျောင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် စတင်ကျင်းပခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စတုတ္ထအကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013