DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည့် ရွာသား ၁၀ ဦး မဲဆောက်မြို့၌ ဆေးကုသမှုခံယူ
DVB
·
December 18, 2021
လေးကေ့ကော်တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည့် ရွာသား ၁၀ ဦး မဲဆောက်မြို့၌ ဆေးကုသမှုခံယူ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ကရင်လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေကြောင့် ဒီဇင်ဘာလ ၁၈ ရက်အထိ ဒေသခံပြည်သူ ၁၀ ယောက်လောက် ဒဏ်ရာတွေ ရရှိခဲ့ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆေးကုသမှု ခံယူနေကြရပါတယ်။

တိုက်ပွဲမှာ ဒေသခံရွာသားတွေ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိသလို နှစ်ဘက်တပ်တွေ သေဆုံးဒဏ်ရာရတာရှိခဲ့ကာ နေရပ်စွန့်ခွာထွက်ပြေးပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ရိုင်၊ မဲဆောက်မြို့နဲ့ ဖုတ်ဖရမြို့နယ်မှာ လာရောက်ခိုလှုံလာသူပေါင်းလည်း အယောက် ၄၀၀၀ လောက်ရှိသွားပြီ ဖြစ်ပါတယ်။

စစ်ဘေးခိုလှုံလာတဲ့ အသက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် မြန်မာ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းဒေသခံတွေနဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေက အစားအစာ၊ အဝတ်အထည်တွေနဲ့ ဆေးဝါးကူညီပံ့ပိုးပေးသလို ကလေးငယ်တွေအတွက်လည်း အလှူရှင်တွေက သီးခြား ဟင်းလျာချက်ပြုတ်လှူဒါန်းနေကြပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ လေးကေ့ကော်မြို့သစ်မှာတော့ နှစ်ဘက်တပ်တွေ စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက် မနက် ၇  နာရီလောက်မှာ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်သား ၈ ယောက်ကို ပြန်ပေးအပ်ဖို့  စစ်ကောင်စီဘက်က  ကေအန်ယူထံ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ၂ ရက်ဆက်တိုက်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လေးကေ့ကော်မြို့သစ် အနီးပတ်၀န်းကျင် ကျေးရွာတွေမှာလည်း ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေတဲ့  စစ်ရှောင်ဒုက္ခသည်တွေ ထောင်ချီပြီး ရှိနေပါတယ်။ 

ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲ ထပ်မံဖြစ်ပွားတော့မယ့် အခြေအနေရှိနေတာ ကြောင့် အဲဒီစစ်ရှောင်ပြည်သူတွေကို ဘေးလွတ်ရာနေရာကို ထပ်မံရွှေ့ပြောင်းခိုင်းနေပါပြီလို့ စစ်ဘေးရှောင်နေသူ တယောက်က ပြောပါတယ်။

မနေ့ နေ့လယ်က ဗျူဟာကုန်းဘက်ကနေ စစ်ကောင်စီက စတင်ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ နှစ်ဘက် အပြန်အလှန် ပြစ်ခတ်ကြပြီး၊ အခု စစ်ဘေးရှောင်တွေ နေတဲ့နေရာက တိုက်ပွဲဖြစ်နေတဲ့ နေရာ ၂ ခုရဲ့ ကြားထဲမှာ ရောက်နေတာကြောင့် တိုက်ပွဲမပြင်းထန်ချိန်မှာ EAO တွေရဲ့အကူအညီနဲ့ ရွှေ့ပြောင်းနေကြတာလို့ စစ်ဘေးရှောင်လူငယ်တယောက်က ပြောပါတယ်။

မဲထောင်သလေး၊ ထီးမယ်ဝါခီး၊ လေးကေ့ကော်၊ ပဟိကလော် ကျေးရွာတွေက ပြည်သူတွေနဲ့ စစ်ဘေးရှောင်နေသူတွေကို  အဓိက ရွှေ့ပြောင်းခိုင်းနေတာဖြစ်ပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ရွှေ့ပြောင်းနိုင်ခဲ့ကာ EAO အဖွဲ့တွေကကား စီစဥ်ပေးတယ်လို့ သိရပါတယ်။

မြဝတီမြို့နယ်အပြင်  ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ သထုံဘက်မှာလည်း ကေအန်ယူ အပါအဝင် ကရင်လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းလာနေတဲ့အတွက်   ဒေသတွင်းမှာ အခုရက်ပိုင်း တိုက်ပွဲတွေထပ်ပြီး ပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013