DVB Logo
Home
မြန်မာသတင်း
ဘီးလင်း BGF တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းယူ
DVB
·
December 18, 2021
ဘီးလင်း BGF တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းယူ
1 / 4
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် BGF - ၁၀၁၃ တပ်စခန်းကို ကရင်မျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းယူခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဒီဗွီဘီကို အတည်ပြုပါတယ်။

အဲဒီ BGF တပ်စခန်းကို ဒီဇင်ဘာ ၁၇ ရက် မနက် ၅ နာရီအချိန်လောက်ကစပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ည ၉ နာရီခွဲအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ BGF ဘက်က စခန်းမှူး အပါအဝင် ၄ ယောက်  ထိခိုက်ဒဏ်ရာ ရှိခဲ့ပြီး၊ KNLA ပူးပေါင်းတပ်ဖွဲ့က ၁ ယောက် ကျဆုံးကာ  ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

BGF စခန်းအား သိမ်းယူပြီးနောက် စခန်းအတွင်းရှိ ကျန်ရှိနေတဲ့ ပစ္စည်းတွေနဲ့ တဲအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ကြသောင်းဆိပ်-BGFစခန်းကို ကူပစ်ပေးတဲ့ ကတိုင်ဒိ BGFစခန်းရဲ့ လက်နက်ကြီး ၁၂၀ မမ ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက်ကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

BGF စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ၆၀၀ ထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013