DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် စစ်ကောင်စီကား ၁ စီးမိုင်းဆွဲခံရ၊ စခန်းမှူးအဆင့်အပါအဝင် ၄ ဦးသေဆုံး
DVB
·
December 15, 2021
ဝက်လက်တွင် စစ်ကောင်စီကား ၁ စီးမိုင်းဆွဲခံရ၊ စခန်းမှူးအဆင့်အပါအဝင် ၄ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားလမ်းဆုံအနီးမှာ ဒီဇင်ဘာ ၁၅ မနက် ၇ နာရီခွဲဝန်းကျင်က သစ်ဆိမ့်ကျေးရွာ (ခေါ်) သစ်ဆိမ့်ကြီးကျေးရွာ သစ်ဆိမ့်ရဲစခန်း၊ စခန်းမှူး လိုက်ပါလာတဲ့ မော်တော်ယာဉ် ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ သစ်ဆိမ့်ရွာစခန်းမှူး အပါအဝင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးတယ်လို့ သိရပါတယ်။

ရှိမ်းမကားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောကြီးမြွေပွေးတပ်ဖွဲ့) တပ်ဖွဲ့ဝင်တဦးက “ဒီနေ့မနက် ရှိန်းမကားလမ်းဆုံမှာ စစ်ကောင်စီကားကို ကျနော်တို့ တောကြီးမြွေပွေးတပ်ဖွဲ့က ပဒေသာမိုင်း ၆ လုံး ကျွေးလိုက်တာ၊ ကားကိုတော့ ဇောက်ထိုးအနေအထား လုပ်ပေးခဲ့လိုက်တယ်” လို့ အတည်ပြုပြောဆိုပါတယ်။

အဆိုပါ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံး ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

သစ်ဆိမ့်ကျေးရွာ (ခေါ်) သစ်ဆိမ့်ကြီးကျေးရွာ သစ်ဆိမ့်ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးဝန်းကျင်ကျေးရွာတွေကို မကြာခဏဆိုသလို ဝင်မွှေသောင်းကျန်းလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့သည့်လပိုင်းကလည်း အဆိုပါရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူနာတင်ယာဉ် အသုံးပြုပြီး ပရဟိတသမားအယောင်ဆောင်ကာ စစ်ကိုင်းမြို့နယ်က ဒေသခံကာကွယ်ရေးတပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ဖူးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013