DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့တွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား
DVB
·
December 15, 2021
နမ့်ခမ်းမြို့တွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက်ထဲမှာ  ပြီးခဲ့တဲ့ရက်ပိုင်းက  ဆိုင်ကယ် ကယ်ရီမောင်းသမားတယောက် ပစ်ခတ်ခံခဲ့ရတဲ့နေရာအနီးမှာ ဒီဇင်ဘာ ၁၄ ရက် ညနေခင်းက ပေါက်ကွဲမှု ထပ်မံဖြစ်ပွါးခဲ့ပါတယ်။

မနေ့ညနေ ၆ နာရီကျော်လောက်က ကျယ်လောင်တဲ့ ပေါက်ကွဲသံ တချက်ကြားလိုက်ရပြီး ပင်လုံထိပ်ထားတည်းခိုခန်းဖွင့်ထားတဲ့ အိမ်ရှေ့  ပြတင်းပေါက်မှန်တွေ ကွဲသွားပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့  နမ့်ခမ်းဒေသခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။ 

“ပေါက်ကွဲသံကတော့ အကျယ်ကြီးခင်ဗျ။ မိုင်းလားဘာလားတော့မသိဘူး၊ ချက်ချင်းတော့ သွားမကြည့်ရဲဘူး။ ဖြစ်တာက နမ့်ခမ်းမြို့လယ်ဘုရားကြီးရဲ့ အနောက်ဘက်လမ်းကြား ပင်လုံ တည်းခိုခန်းမှာပါ၊  ပြတင်းပေါက်မှန်တွေကွဲတယ်၊ လူတော့ထိခိုက်မှုမရှိဘူး။ ”

အဆိုပါနေရာမှာ ပြီးခဲ့တဲ့ ၉ ရက် မွန်းလွဲပိုင်းက ခရီးသည်မျှော်နေတဲ့ စိုင်းယီဆိုသူ ဆိုင်ကယ်ကယ်ရီမောင်းသမား တယောက်ကို ကားပေါ်ကနေ အချက်ပေါင်းများစွာ ပစ်ခတ်ထွက်ပြေး သွားခဲ့ပါတယ်၊

စိုင်းယီဟာ ပေါင်နဲ့ လက်မောင်းမှာဒဏ်ရာရပြီး လက်ရှိဆေးရုံမှာ ကုသခံနေ ရပါတယ်။ အဆိုပါပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေကို ဘယ်သူ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ 

ပေါက်ကွဲမှုဖြစ်တဲ့ ပင်လုံထိပ်ထားတည်းခိုခန်းပိုင်ရှင်ကတော့ TNLA နဲ့ အဆက်အသွယ်ရှိတဲ့  ပလောင်လူမျိုးဖြစ်တာကြောင့် TNLA အဖွဲ့ရဲ့ လက်ချက်တော့ မဖြစ်နိုင်ဘူးလို့ ‌ဒေသခံက ပြောပါတယ်။

တချိန်တည်းမှာ နမ့်ခမ်းမြို့မဈေးကြီးထဲမှာလည်း TNLA ပလောင်လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်၊ ခြိမ်းခြောက်မှုတွေရှိနေလို့ ဈေးသူဈေးသားတွေ ၅ ရက်တာ ဈေးဆိုင်တွေပိတ်ထားပြီး ဆန္ဒပြနေပါတယ်။

နမ့်ခမ်းမြို့နယ်ထဲမှာ TNLA ပလောင်တပ် ၊ SSPP ရှမ်းတပ်နဲ့ KIA ကချင်တပ်ဖွဲ့တွေ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013