DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲစတင်ဖြစ်ပွား၊ ဒေသခံများ စစ်ဘေးတိမ်းရှောင်
DVB
·
December 15, 2021
လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲစတင်ဖြစ်ပွား၊ ဒေသခံများ စစ်ဘေးတိမ်းရှောင်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ် ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီရဲ့တပ်တွေက နယ်မြေကျူးကျော်ဝင်ရောက်လာပြီးနောက်  ဒီဇင်ဘာ ၁၅ ရက် ဒီနေ့မနက်  လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု စတင်ဖြစ်ပွားနေတယ်လို့ စခန်းတာဝန်ရှိသူက ပြောပါတယ်။

ဒီမနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီရဲ့တပ်တွေဟာ လေးကေ့ကော်မြို့သစ်၊ အမှတ် ၃ ရပ်ကွက်၊ စစ်ဘေးရှောင်အိမ်ရာ အတွင်းကို သေနတ်ပစ်ဖောက်ဝင်ရောက်လာတဲ့အတွက် လုံခြုံရေးရယူထားတဲ့ နယ်မြေခံ KNLAတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

လေးကေ့ကော်မြို့သစ် စခန်းတာဝန်ရှိသူတစ်ဦးက “စကစဘက်က သေနတ်စပစ်တာ၊ အမှတ် ၃ ရပ်ကွက်ကို သေနတ်ပစ်ဝင်လာတယ်။ အဲဒီမှာ KNLA တပ်နဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ကြတာ။ အခုထိတော့ ထိခိုက်တာ မကြားရသေးဘူး။ စစ်ရှောင်တွေ အကုန်ပြေးကုန်ပြီ။ ကျနော်လည်း ပြေးနေရတယ်” လို့ ပြောပါတယ်။

တိမ်းရှောင်နေရသူတဦးက “၁၁ ခွဲလောက် လက်နက်ကြီးတွေနဲ့ ပစ်နေတာ ကြားရတယ်။ အခုလက်ရှိ  ပုန်းခိုနေကြရတယ်။ ရှောင်နေသူတွေထဲ လူအစုံပါတယ်၊ မိသားစုတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေရောပါကြတယ်။”လို့ ပြောပါတယ်။ 

ဒီဇင်ဘာ  ၁၄ ရက် မနက်ပိုင်းကစတင်ပြီး ညနေပိုင်းအထိ လေးကေ့ကော်မြို့သစ် စစ်ဘေးရှောင်အိမ်ရာစခန်းတွင်းကို စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက် စစ်ကြောင်း ၄ ကြောင်းခွဲပြီးဝင်ရောက်ကာ  စစ်ဘေးရှောင်နေအိမ်တွေကို ပိတ်ဆို့ ရှာဖွေဖမ်းဆီးခဲ့တာပါ။

ရှာဖွေဖမ်းဆီးမှုတွေကြောင့် လာရောက်ခိုလှုံနေတဲ့ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်၊ CDM ဆရာဝန်တစ်ဦး၊ သူနာပြုတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ  ၆၀ ကျော်လောက် ဖမ်းဆီးခံလိုက်ရတာပါ။

စစ်ရှောင်စခန်းအတွင်း ရှာဖွေဖမ်းဆီးရာမှာ  ဒေသခံပြည်သူတွေ ထိန့်လန့်အောင်မပြုလုပ်ဖို့၊ ဖမ်းဆီးခံရတဲ့သူတွေကို မနှိပ်စက်ဖို့ ၊တောနင်းရှာဖွေတာတွေ မလုပ်ဖို့ သဘောတူညီမှုတွေနဲ့ KNU က ရှာဖွေခွင့်ပြုခဲ့တယ်လို့ စခန်းတာဝန်ရှိသူက ဆိုပါတယ်။

လေးကေ့ကော်မြို့သစ်အတွင်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှာကို ကြိုတင်တိမ်းရှောင်နေသူတွေရှိသလို့ ကျန်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်ကုန်ပြီလို့ စစ်ဘေးရှောင်ပြည်သူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013