DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ပစ်သတ်ခဲ့သည့် ဆရာတော်အွမ်အီးအပါအဝင် ကျဆုံးပြည်သူ ၁၃၃၉ ထိရှိလာ
DVB
·
December 15, 2021
စစ်တပ်က ပစ်သတ်ခဲ့သည့် ဆရာတော်အွမ်အီးအပါအဝင် ကျဆုံးပြည်သူ ၁၃၃၉ ထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လကျော်အကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁,၃၃၉ ထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၀၀၉ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၈၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက် ကတော့ ၁၉၆၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၇၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ခေါင်းကွဲကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့်နေတဲ့ ရွာသား ကိုမိုးမင်းဦး၊ ကိုချမ်းမြေ့စည်သူကြည်၊ ကိုထက်အောင်နဲ့ ကိုအောင်ကျော်ဇောတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ဦးခေါင်းကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးမကောင်းတဲ့ ကိုထွန်းထွန်းနိုင်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အုတ်ဖိုကျေးရွာက ခရစ်တော်ရဲ့အသင်းတော်ရဲ့ ဓမ္မအမှုတော်ဆောင် ဆရာတော်အွမ်အီးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့က ဦးခေါင်းကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်အွမ်အီးဟာ အုတ်ဖိုကျေးရွာကို ပြန်လာချိန် ဟိုတယ်ဇုန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013