DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ၆၀,၀၀၀ ကျော်ကို ဖမ်းဆီးမည်
DVB
·
December 14, 2021
ထိုင်းတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ၆၀,၀၀၀ ကျော်ကို ဖမ်းဆီးမည်
Donate to DVB

ထိုင်းနိုင်ငံထဲမှာ ဘာအထောက်အထားမှမရှိဘဲ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာ၊  လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ကြဖို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှ  ၃၀ ရက်အထိ  ခွင့်ပြုခဲ့ပါတယ်။ 

ဒါပေမဲ့ မှတ်ပုံမတင်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၆၀,၀၀၀ ကျော်ရှိပြီး သူတို့ကို အလုပ်သမားဥပဒေ၊ လဝကဥပဒေနဲ့အညီ အရေးယူဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ထိုင်းအလုပ်သမားဝန်ကြီးက မနေ့က  တာဝန်အပ်နှင်းခဲ့ပါတယ်။ 

ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံနဲ့ လုပ်ငန်းခွင်တွေမှာ အထောက်အထားမရှိဘဲ ဝင်ရောက်လုပ်ကိုင်သူတွေကို လက်လှမ်းမီသလောက် စစ်တမ်းကောက်ထားရာမှာ ၃၅၃၇၇၆ ဦးရှိပြီး အဲဒီထဲမှာ မှတ်ပုံတင်ခြင်းမပြုတဲ့အလုပ်သမားဦးရေ ၆၄၄၇၂ ဦးရှိတာ စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။ 

ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဆူချတ် ချူမ်းကလင်က “အခွင့်အရေးပေးခဲ့စဉ်က မှတ်ပုံမတင်ခဲ့ကြလို့ အခုတော့ သူတို့အားလုံး တရားမဝင်အလုပ်သမားတွေ ဖြစ်သွားပြီဖြစ်တယ်။ ဒါကြောင့်  လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေနဲ့မညီညွတ်နဲ့ အလုပ်ရှင်နဲ့အလုပ်သမားတွေကို ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းတွေ ပြုရတော့မယ်။ အဓိကအားဖြင့် ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်ဖို့ လည်းဖြစ်တယ်”လို့ မနေ့က တရားမဝင်အလုပ်သမား နှိမ်နင်းရေးအစည်းအဝေးမှာ ပြောပါတယ်။ 

ဒါကြောင့် စက်ရုံအလုပ်ရုံလုပ်ငန်းခွင်တွေမှာ တရားမဝင်အလုပ်လုပ်မှုတွေ နှိမ်နင်းဖို့အတွက် တာဝန်ပေးအပ်ပွဲကို ဒီဇင်ဘာ ၁၃ ၇◌က် ယမန်နေ့က ဘန်ကောက်အလုပ်သမားဝန်ကြီးဌာနမှာ အခမ်းအနားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တာဝန်ပေးအပ်ခြင်းခံရသူတွေမှာ စုစုပေါင်း ၁၂၃ ယောက်ရှိပြီး အဲဒီထဲမှာ အလုပ်သမားရုံးက  အယောက် ၉၀  ၊ လူကုန်ကုးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ၂၃ ယောက်နဲ့ ၊ လူဝင်မှုကြီးကြပ်ရေးဌာနက ၁၀ ယောက် ပါဝင်ပါတယ်။

အလုပ်သမားဥပဒေအရ တရားမဝင်အလုပ်သမားငှါးရမ်းခန့်ထားတဲ့ အလုပ်ရှင်ဟာ အလုပ်သမား တယောက်အတွက် ငွေဒဏ် ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ ထိ ၊ ဥပဒေကို အကြိမ်ကြိမ်ထပ်မံချိုးဖောက်က ငွေဒဏ်အပြင် နောက်ထပ်ထောင်ဒဏ် ၃ နှစ်ပါ ကျခံရမှာဖြစ်ပါတယ်။ 

အလုပ်သမားအနေနဲ့လည်း တရားမဝင်အလုပ်လုပ်ရင် ငွေဒဏ် ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ထိ ကျခံရမယ့်အပြင် ပြည်နှင်ဒဏ် ၂ နှစ်ပါ ကျခံရမယ်လို့ ဆိုပါတယ်။ 

ကိုးကား - https://www.khaosod.co.th/monitor-news/news_6780348

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013