DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းဈေးသူဈေးသားများဆန္ဒပြနေသော်လည်း အခွန်ဆက်ကောက်မည်ဟု TNLA ပြော
DVB
·
December 13, 2021
နမ့်ခမ်းဈေးသူဈေးသားများဆန္ဒပြနေသော်လည်း အခွန်ဆက်ကောက်မည်ဟု TNLA ပြော
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မဈေးကြီးထဲမှာ PSLA/TNLA တပ်ဖွဲ့က ဈေးဆိုင်တွေကို အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြိမ်းခြောက်နေတဲ့အပေါ်  ဈေးသူ ဈေးသားတွေဟာ ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ ၅ ရက်တိုင် ဆိုင်ခန်းတွေပိတ်ထားပြီး ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

နမ့်ခမ်းဈေးသူဈေးသားတွေဟာ နိုင်ငံရေးကြောင့်ရော၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့်ပါ ဈေးမရောင်းရလို့ အခက်အခဲဖြစ်နေရတဲ့အထဲ PSLA/TNLA တပ်ဖွဲ့က အခွန်လို့ပြောပြီး ဆက်ကြေးတွေ မတရားကောက်နေလို့ ပြီးခဲ့တဲ့ ၁၁ ရက်နေ့က နမ့်ခမ်းဘုန်းကြီးကျောင်းဝင်း တစ်ခုမှာအစည်းအဝေးလုပ်ပြီး ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့တာလို့ ဈေးသည် တယောက်က  ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမတို့ဈေးသည်တွေက ဘာမှပြဿနာမရှိချင်လို့ အရင်ကလည်း သူတို့ပိုက်ဆံလာ တောင်းတိုင်း ပေးခဲ့ပါတယ်။ ဒီနှစ်က တကယ်ခက်ခဲနေတာ၊  အရင်က တနှစ်မှ တခါလာကောက်တယ်၊ ဒီနှစ် ခဏခဏ လာတယ်။ ၁၀ ရက်နေ့က စစ်အာဏာရှင်ကို ဆန္ဒပြတဲ့အနေနဲ့ ဈေးပိတ်တယ်၊ ၁၁ ရက်နေ့မှာ ဈေးပြန်ဖွင့်တယ်။ ပလောင်စစ်သား နှစ်ယောက် ဈေးထဲလာပြီး ခင်ဗျားတို့ကို လိပ်စာကတ်ပေးထားတာ ဘာလို့မဆက်သွယ်လဲဆိုပြီး လာပြောသေးတယ်၊ အခွန်နည်းနည်းလျှော့ပေးပါလို့ ပြောတာကို မလျှော့နိုင်ဘူး၊ ပိုတောင်တောင်းဦးမယ်တဲ့။  အဲဒါကြောင့် ဈေးသည်တွေတိုင်ပင်ပြီး ဆိုင်ပိတ်ပြီး ဆန္ဒပြမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။” 

ဒီကိစ္စနဲ့ ပတ်သက်ပြီး PSLA/TNLA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ သူတို့ဟာ TNLA တပ်စဖွဲ့ကတည်းက လှုပ်ရှားနယ်မြေတွေမှာ အခွန်ကောက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာလမှာ ပြည်သူတွေအခက်အခဲကိုနားလည်လို့ အခွန်အခလျော့ပေးတာတွေရှိကြောင်း၊ နှစ်နဲ့ချီ အခွန်ကောက်လာပြီး ခုမှဆန္ဒပြခံရတာတော့ သွေးထိုးသူတွေရဲ့ပယောဂကြောင့်သာ ဖြစ်ပြီး ဆန္ဒပြခံ ရပေမဲ့ အခွန်ကတော့ ဆက်ကောက်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့က အဖွဲ့စတည်ထောင်ကတည်းက လှုပ်ရှားနယ်မြေတိုင်းမှာ အခွန်ကောက်ပါ တယ်။  တနှစ်မှ တခါပဲ ကောက်တယ်၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေကို ဦးတည်ကောက် တယ်။  လမ်းဘေးဈေးသည်တွေ မကောက်ပါဘူး၊ ကောက်ရင်လည်း သူတို့တတ်နိုင်လောက်တဲ့ ပမာဏပဲ ကောက်တာပါ၊ ကိုဗစ်-၁၉ ကာလမှာလည်း အခွန်လျှော့တောင်းဖို့ ပြောထားတယ်။ ဘယ်လောက်လျှော့လဲတော့ မသိဘူး။ အခွန်ကောက်တဲ့ဘက်ကဘဲ သိမယ်၊ ကျနော်တို့ ကောက်နေတာ ကြာပြီ၊ အခုမှဆန္ဒပြတာတွေ ဘာတွေဖြစ်လာတာကတော့ သွေးထိုးလှုံ့ဆော်ခံရတဲ့ ပယောဂတွေကြောင့်ပဲလို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ အခွန်ဥပဒေ အတိုင်း ဆက်လုပ်သွားမှာပဲ”

အခွန်မဆောင်တဲ့သူတွေပေါ်ခြိမ်းခြောက်တာတွေတော့ မရှိကြောင်း၊ ပထမပိုင်းမှာ သတိပေး စာထုတ်ပြီး လိုက်နာမှုမရှိရင်တော့ နန်းမိုဟွမ်လို ဖမ်းဆီးထိန်းသိမ်းတာတွေရှိတယ်လို့ TNLA က ပြောသွားပါတယ်။ 

နမ့်ခမ်းဈေးသည်တွေကတော့ ဆိုင်ခန်း ၁ ခန်းကို ၃ သိန်းအထက်၊ ရွှေဆိုင် ၁ ဆိုင် ၁၅ သိန်း၊ ကုန်စုံဆိုင်ကြီးတွေ သိန်း ၃၀ အထက်ပေးရတာ တတ်နိုင်တဲ့ပမာဏ မဟုတ်ကြောင်း၊ ဈေးလျှော့ပေးတယ်ဆိုတာ လူကိုယ်တိုင်သွားဆစ်မှရတာဖြစ်ပြီး ပြောရဲဆိုရဲ ဆစ်ရဲသူတွေသာ ရကြောင်း၊ အခွန်မပေးလို့ အဖမ်းခံရသူတွေဟာ နန်းမိုဟွမ် တယောက်တည်းမဟုတ်ဘဲ လူမသိ သူမသိ အဖမ်းခံရတာ မကြာခဏဖြစ်ပြီး  အဖွဲ့အစည်းတွေက လိုက်ပြောပေးရင် မူးယစ်ဆေး ရောင်းဝယ်မှုသံသယနဲ့ လူမှားဖမ်းမိတာပါ ဆိုပြီး ပြန်လွှတ်ပေးတာလည်း ရှိတယ်လို့ ပြောပါတယ်။ 

နမ့်ခမ်းမြို့မဈေးကြီးဟာ မြို့လယ်ကောင် ကောင်းနောင်မိုရပ်ကွက်ထဲမှာ တည်ရှိပြီး ဆိုင်ခန်း ပေါင်း ၁၀၀၀ ကျော် ၂၀၀၀ နီးပါးရှိပါတယ်။

အခုလို လက်နက်ကိုင်အဖွဲ့က အခွန်ကောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်နဲ့ ရဲတပ်ဖွဲ့တွေဘက်က တစုံတရာ တုံ့ပြန်ထုတ်ပြန်တာတွေ မရှိကြောင်း၊ ဒါဟာ တရားဥပဒေစိုးမိုးမှု မရှိတာကို ပြနေတာဘဲလို့ နမ့်ခမ်း ဒေသခံက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013