DVB Logo
Home
မြန်မာသတင်း
ဖရူဆိုမြို့နယ် ခမရ ၄၂၈ ကို ကရင်နီပူးပေါင်းတပ် ဝင်တိုက်၊ ဒေသခံများ တိမ်းရှောင်နေရ
DVB
·
December 13, 2021
ဖရူဆိုမြို့နယ် ခမရ ၄၂၈ ကို ကရင်နီပူးပေါင်းတပ် ဝင်တိုက်၊ ဒေသခံများ တိမ်းရှောင်နေရ
Donate to DVB

ကယား(ကရင်နီ) ပြည်နယ်၊ ဖရူမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၄၂၈ တပ်ကို ကရင်နီပူးပေါင်းတပ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ဦးကျဆုံး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်က (KNDF) ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ည ၈ နာရီခွဲလေက်က ကရင်နီပူးပေါင်းတပ်တွေက ခမရ (၄၂၈) ကို ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၄၅ မိနစ်လောက်ကြာမြင့်ခဲ့တယ်လို့ ပြောပါတယ်။

“တမြန်ည ၈ နာရီခွဲလောက် ခမရ ၄၂၈ စခန်းကို ကျနော်တို့ KA နဲ့ KNDF ပူးပေါင်းတပ်က ဝင်ပစ်တယ်။ အဲဒီမှာက စစ်သားက ၃ ယောက်သေတယ်။ ၇ ဦးဒဏ်ရာရတယ်။ နောက်တခုက ကျနော်တို့ ထိုလွီးဘီလာဘက်မှာ ထပ်ဖြစ်တယ်။”

ဒီတိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အနီးအနားက ကျေးရွာတွေလည်း စစ်ရှောင်နေကြရတယ်လို့ KNDF ပြောခွင့်ရသူက ပြောပါတယ်။

“ဖရူဆိုဘက်ဆိုရင်တော့ မြို့ပေါ်တချို့ရယ်၊ နောက်တပ်နဲ့ နီးတဲ့ကျေးရွာအကုန်လုံး နီးစပ်ရာတွေမှာ ပြေးကြတယ်။ ကျနော်ခန်းမှန်းသလောက် ၅ ရွာ ၆ ရွာလောက်၊ လူဦးရေက ၇၀၀-၈၀၀ လောက်ရှိမယ်။”

ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ ဒီးမော့ဆိုမြိုနယ် ထူးလွီးဘီလာကျေးရွာ ခြေတော်ရာဘုရားနီး စစ်ကြောင်းထိုလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တို့က ခုခံတိုက်တိုက်ခဲ့တဲ့အတွက် တိုက်ပွဲ ၄ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှု မသိရသေးဘူးလို့  KNDF က ထုတ်ပြန်ထားပါတယ်။ 

အလားတူ ဒီဇင်ဘာ ၉ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် ဒေတမငယ်ရပ်ကွက်မှာ မိနစ် ၃၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထူလွိးဘီလာနဲ့ ငွေတောင်ရွာသစ်အကြား နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီလို စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတဲ့အတွက် ပြည်သူတွေအနနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကို ခရီးမသွားလာကြဖို့ KNDF က သတိပေးထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013