DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရသဖြင့် ၇၀ ကျော်သေဆုံး
DVB
·
December 13, 2021
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရသဖြင့် ၇၀ ကျော်သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ဆယ်ရွာချောင်ကျေးရွာဘက်ကို စစ်ကူဆင်းလာတဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၂ ရက်နေ့၊ မွန်းတည့် ၁၂ နာရီဝန်းကျင်က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြတယ်လို့ သိရပါတယ်။

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG) တာဝန်ခံတဦးက “၁၀၀ ကျော်လာတဲ့စစ်ကြောင်းကို နေရာ ၄ နေရာခွဲပြီး ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်လိုက်တာ ၇၀ ကျော်သေပြီး အများအပြားဒဏ်ရာရရှိသွားကြတယ်။ ကျန်တဲ့ ၂၀ ကျော်ကတော့ အဲ့နားက လာပို့ရွာမှာ ဝင်ရောက်တပ်စွဲနေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG) နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေ ပူးတွဲလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာနဲ့ ဘိုးမင်းကြီးကင်းကျေးရွာကြားမှာလည်း ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းတည့်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ၂၇ စီးပါ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

“စစ်ကောင်စီယာဉ်တန်းလာတော့ မိုင်း ၄ လုံးအရင်ခွဲတယ်။ နောက်ပြီးမှ တစ်ဖက်ပွင့်ပြောင်း ၂ လုံးနဲ့ ပစ်ခတ်တိုက်ခဲ့တာပါ။ ကား ၂ စီးပျက်စီးသွားပြီး ကားပေါ်ပါတဲ့ကောင်တွေ အသေအပျောက်များနိုင်တယ်။ အတိအကျတော့ မသိရဘူးပေါ့။ ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်” လို့ Black Eagle Defence Force (MMU) တာဝန်ခံက အတည်ပြုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force (MMU) အဖွဲ့က ဦးဆောင်ပြီး မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့၊  People's Defence Force Myinmu (MMUPDF)၊ Myin Mu Defence Force (MMDF) နဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့(CDSOM) ညီနောင်မဟာမိတ် ၅ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

စစ်ကိုင်းတိုင်းဟာ မြန်မာတစ်ပြည်လုံးမှာ လွတ်မြောက်နယ်မြေဖြစ်ဖို့ အနီးစပ်ဆုံး တိုင်းဒေသတခုဖြစ်လာနေပြီလို့ Beauty for Chin State ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013