Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ် ရီးဒွေးကျေးရွာတွင် လူနေအိမ်များ မီးရှို့ခံရ
DVB
·
December 11, 2021
267084325_652673682432018_4563412601667476199_n
266688713_652673659098687_2099485006316963481_n
266466125_652673745765345_3254222499836609869_n
266218258_652673792432007_672439943121281628_n
266089816_652673605765359_2776058409291955476_n
266041365_652673722432014_7360583521077136424_n
266041362_652673622432024_8759477023877715170_n

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရီးဒွေးကျေးရွာမှာ ပျူစောထီး အဖွဲ့ဝင်တယောက် အသတ်ခံရပြီးနောက် ဒီဇင်ဘာ ၁၀ ရက် မနက် ၈ နာရီခွဲမှာ တခြားပျူစောထီးတွေက ရွာနေအိမ်တွေကို မီးရှို့သွားကြတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။ 

ဒီဇင်ဘာ ၈ ရက်  ညပိုင်းမှာ ရီးဒွေးရွာက ဒလန်ပျူစောထီးအဖွဲ့ဝင်ဆိုသူ မောင်ဆန်းကို Kanbalu Underground Warriors (KBU-UG) အဖွဲ့က သတ်လိုက်ပြီးနောက် အခုလို မီးရှို့တာတွေလို့ ဒေသခံ တဦးကပြောပါတယ်။

"ရွာမှာက ပျူတွေ သောင်းကျန်းလွန်းလို့ ရွာသားတွေ ထွက်ပြေးကြတာ ကြာပြီ။ အခုလည်း အိမ်တွေ မီးရှို့တဲ့အပြင် ရေစုပ်စက်၊  မော်တာ၊  လှည်းတွေပါ သူတို့ ယူသွားတယ်။” 

ဒါ့အပြင် စပါးတင်း ၅၀၀ ကိုလည်း တုံဖုံကားနဲ့ ရိက္ခာအတွက် သယ်သွားကြသေးတယ်လို့ ပြောပါတယ်။ 

လွန်ခဲ့တဲ့ တစ်လခွဲလောက်ကလည်း ရီးဒွေးရွာမှာ လူနေအိမ်တွေ မီးရှို့ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024