DVB Logo
Home
မြန်မာသတင်း
ငြိမ်နေသည့် ရွှေစျေး ကောလာဟလသတင်းများကြောင့် ပြန်တက်
DVB
·
December 11, 2021
ငြိမ်နေသည့်  ရွှေစျေး ကောလာဟလသတင်းများကြောင့် ပြန်တက်
Donate to DVB

ရန်ကုန်လေဆိပ်ကို ငွေစက္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆိုတဲ့ သတင်းကြောင့် အခေါက်ရွှေတစ်ကျပ်သားကို  ကျပ် ၁၇ သိန်း ၇ သောင်း၀န်းကျင်မှာ ရက်အတန်ကြာ ငြိမ်နေခဲ့တဲ့ မြန်မာရွှေစျေးဟာ ဒီဇင်ဘာ ဒုတိယအပတ်မှာ ကျပ် ၁၈ သိန်း အထက်ကို ပြန်လည်မြင့်တက်လာပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့  ဒီဇင်ဘာလ ၁၁ ရက် ဒီနေ့ မနက်ပိုင်း စျေးအရ  အကယ်ဒမီ မီးလင်းရွှေအဖွင့်စျေးက တစ်ကျပ်သားကို ၁၈ သိန်း တစ်သောင်းကျပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ နေ့လည်ပိုင်းမှာပဲ ကျပ် ၁၇ သိန်း ၉ သောင်း၀န်းကျင်ကို ပြန်ကျဆင်းသွားခဲ့တယ်လို့ ရွေးစျေးကွက်အတွင်းက သိရပါတယ်။

အောက်တိုဘာလနှောင်းပိုင်းကစတင်ပြီး တစ်ကျပ်သားကို ကျပ် ၁၈ သိန်းအောက် ပြန်လည် ကျဆင်းခဲ့တဲ့ မြန်မာ့ရွှေစျေးက ပြီးခဲ့တဲ့ နို၀င်ဘာ လဆန်းပိုင်းမှာ ကျပ် ၁၈ သိန်းအထက်ကို တစ်ကြိမ်ပြန်လည်မြင့်တက်ခဲ့ပေမဲ့ အကြမ်းမျဥ်းအားဖြင့် တစ်ကျပ်သားကို ကျပ် ၁၇သိန်း ၇သောင်း နဲ့ ကျပ် ၁၈ သိန်း အကြားမှာပဲ အတက်စျေးနဲ့ လအတန်ကြာ ငြိမ်နေခဲ့တာပါ။

ရန်ကုန်လေဆိပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ၇က်နေ့က ငွေစက္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆို တဲ့အတည်မပြုနိုင်သေးတဲ့ သတင်းတွေကြောင့် အခုလို ရွှေစျေးရုတ်တရုတ်ပြန်လည်မြင့် တက်ခဲ့တာဖြစ်တယ်လို့ ရွှေကုန်သည် တစ်ဦးက ဆိုပါတယ်။

“ဟုတ်ပါတယ်။ အဲဒီ ကောလဟာလသတင်းတွေကြောင့် တက်လာတာပါ။အခုပြန်ကျသွားပါပြီ” လို့ ရွှေကုန်သည် တစ်ဦးကဆိုပါတယ်။

ပြည်တွင်းမှာငွေစက္ကူသစ်တွေ ရိုက်ထုတ်လာရင် မြန်မာငွေကြေးဖောင်းပွလာမှာဖြစ်ပြီး ကျပ် ငွေတန်ဖိုး ပိုကျဆင်းလာမယ့်စိုးရိမ်စိတ်တွေနဲ့ ရွှေ၊ဒေါ်လာဝယ်လိုအားများလာပြီး ဈေးအတက်ဘက် ရောက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်  မြန်မာကျပ်ငွေတန်ဖိုး ထိန်းမရအောင် ကျဆင်းခဲ့ပြီး  ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ ရွှေစျေး ကျပ် ၂၂သိန်းကျော် ထိစံချိန်တင်အမြင့်ဆုံးကို ရောက်ရှိခဲ့ ပါတယ်။  ငွေကြေးစျေးကွက်မှာလည်း ဒေါ်လာစျေး တစ်ဒေါ်လာကို ကျပ် ၂၇၀၀၀န်းကျင်ထိ မြင့်တက်ခဲ့ ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင် ဇန်န၀ါရီလက တစ်ဒေါ်လာတန်ဖိုး  ကျပ် ၁၃၅၀ ၀န်းကျင်သာရှိခဲ့ပြီး၊ ရွှေစျေးက တစ်ကျပ်သားကို ကျပ် ၁၃သိန်းသိန်း၀န်ကျင်ပဲ ရှိခဲ့ပါတယ်။

ရန်ကုန်လေဆိပ်ကို ငွေစက္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆိုတဲ့ သတင်းကိုတော့ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက ငွေစက္ကူ ကျပ် ၂ သောင်းတန်နဲ့ ၅ သောင်းတန် အသစ်တွေ ထုတ်ဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013