DVB Logo
Home
မြန်မာသတင်း
ကြက်သွန်နီဈေး ကျလာသဖြင့် တောင်သူနှင့် ကုန်သည်ပွဲစားများ အရှုံးဖြင့်ရင်ဆိုင်နေရ
DVB
·
December 10, 2021
ကြက်သွန်နီဈေး ကျလာသဖြင့်  တောင်သူနှင့် ကုန်သည်ပွဲစားများ အရှုံးဖြင့်ရင်ဆိုင်နေရ
Donate to DVB

ကြက်သွန်နီဈေးနှုန်းကျဆင်းတဲ့အတွက် တောင်သူတွေ၊ ကုန်သည်ပွဲစားတွေ အရှုံးနဲ့ ရင်ဆိုင်နေရပြီး ပခုက္ကူ ကြက်သွန်ကုန်စည်ဒိုင်က ကြက်သွန်နီတွေ အပင်ပေါက်လာတဲ့အတွက် ထိပ်စတွေကိုပါ လွှင့်ပစ်နေရတယ်လို့ ကြက်သွန်ပွဲရုံတွေက သိရပါတယ်။

ကြက်သွန်နီ ထိပ်စဈေးနှုန်းဟာ လက်ရှိမှာ တစ်ပိသာကို ၂၅၀ နဲ့ ၃၀၀ ကျပ်ဝန်းကျင် မှာရှိနေပြီး တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ဟာ တစ်ပိသာကို ငွေကျပ် ၅၀၀ လောက်အထိ ကုန်ကျထားတာကြောင့် တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ကြက်သွန်နီဈေးနှုန်းဟာ တစ်ပိသာကို ငွေကျပ် ၆၀၀ လောက်အထိမြင့်တက်ခဲ့ပေမယ့် ကုန်အောင် မရောင်းရသေးခင်မှာပဲ ဈေးနှုန်းပြန်လည်ကျဆင်းခဲ့တာပါ။

ပခုက္ကူမြို့က ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက “တောင်သူက စိုက်စရိတ်က ၅၀၀ လောက်ကျတာကို ၂၅၀၊ ၃၀၀ ရောင်းရတာဆိုတော့ ၆၀၀ ဖြစ်တာလည်း ၁၀ ရက်ဖြစ်လိုက်တာဆိုတော့ တောင်သူက ကုန်အောင်မရောင်းလိုက်ရဘူးလေ။ အခုလည်း လက်ကျန်တွေက အားကြီးကျန်တာ တချို့ ဆို ဦးတို့ဆို RC တို့ ဘာတို့ဆို လွှင့်တောင်ပစ်ရတာ၊ ရောင်းစားလို့မှမရတာ။ ဟိုနေ့ကလည်း ဂို ဒေါင်တွေမှာဆို RC မျိုးတွေ လွှင့်ပစ်ကြတာမနည်းဘူးဘဲ။ ထော်လာဂျီတွေနဲ့တိုက်ထုတ်ပြီးတော့ မရောင်းရတော့ လွှင့်ကိုပစ်ရတယ်ဗျာ။ ဂိုဒေါင်တွေကလေ မရောင်းမှမရောင်းရတာ တစ်ပိဿာ ၈၀ ပေးတော့လည်း အိတ်ခွံဖိုးနဲ့အလုပ်သမားခနဲ့ကျတော့ ဘာမှမကိုက်ဘူး ရှုံးကြတာပဲ။ တောင်သူတင်မဟုတ်ဘဲ ကုန်သည်ပွဲစားတွေပါ ရှုံးကြတာ။ ဒီနှစ်လည်း သိန်း ၂၀၀ ရှုံးတဲ့လူနဲ့ ၃၀၀ ရှုံးတဲ့လူနဲ့ ရှုံးကုန်ကြပြီး စာရင်းကပိတ်လို့ရသွားပြီလေ” လို့ ပြောပါတယ်။

ဒီနှစ်ကြက်သွန်ပေါ်ချိန်မှာ မြဝတီနဲ့ ဘင်္ဂလားဒေ့ရှ်ကပဲ အဝယ်ရှိနေပြီး တရုတ်ဘက်ကတော့ အဝယ်မရှိသေးဘူးလို့သိရပါတယ်။ 

ယခင်နှစ်တွေက ဘင်္ဂလားဒေ့ရ်ှက မြန်မာနိုင်ငံကတင်ပို့တဲ့ ကြက်သွန်နီကို ကြိုက်ဈေးပေးဝယ်ယူပေမယ့် ဒီနှစ်မှာတော့  မြန်မာပြည်တွင်းမှာ လက်ကျန်များနေတာကြောင့် ဈေးနှိမ်ဝယ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ကြက်သွန်နီကုန်ချိန် သိန်း ၂၀ လောက်လည်း တရုတ်နိုင်ငံကို တင်ပို့ရာမှာ ၁၀၅မိုင် စခန်းအရောက် မှာ အဝယ်မရှိတဲ့အတွက် ပျက်စီးပုပ်ပွမှုတွေကြောင့် လွှင့်ပစ်ခဲ့ရတယ်လို့ တရုတ်ဘက် ကြက်သွန်တင်ပို့နေတဲ့ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ဈေးကျနေတာက နိုင်ငံခြားလိုင်းတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် မနုတ်ဘူးလေ။ တရုတ်နုတ်ပြန်တာကလည်း ကိုဗစ်လှိုင်းနဲ့တင် ၁၀၅ မိုင်ရောက်မှ ပြန်လာခဲ့ရတာကလည်း သိန်း ၂၀ လောက်ရှိတယ်၊ အဲဒါတွေက လုံးလုံးလွှင့်ပစ်လိုက်ရတာ။ ပခုက္ကူမှာက သိန်း ၂၀ လောက်ရှိတယ်၊ ပခုက္ကူကိုပြန်ဝင်တာက တမြို့တည်းတင်နော်၊ ကျန်တဲ့မြို့တွေမပါသေးဘူး။ အဲဒီ ၈ လပိုင်း ၉ လပိုင်းလောက်ကလေ အဲဒီတရုတ်ဘက်က လက်မခံတော့ဘူးဆိုတော့ ပိတ်လိုက်ပြီဆိုတော့ အကုန်ပြန်ဝင်လာတော့တာ ကိုယ့်မြို့ကို ပြန်ဝင်လာကြတာတွေ အဲဒါကလည်း ပိသာချိန် သိန်း ၂၀ လောက်ပြန်ဝင်တာ။ အဲဒီသိန်း ၂၀ လောက်က လုံးလုံးလွှင့်ပစ်ရတာ၊ ပခုက္ကူရောက်တော့ ပြန်ကိုရွေးလို့ပြုလို့မရတော့ဘူးလေ ပုပ်ကုန်တာပေါ့။ ဘာမှကိုလုပ်မရတာ အဲလိုတွေဖြစ်ကုန်တာ” လို့ ပြောပါတယ်။

ပခုက္ကူ ခရိုင်ဟာ မြန်မာနိုင်ငံအထက်ပိုင်းမှာ ကြက်သွန်အများဆုံးထွက်ရှိရာဖြစ်ပြီး ပခုက္ကူကြက်သွန်ကုန်စည်ဒိုင်ဟာ လစဉ် ကြက်သွန်နီ ပိသာချိန် သိန်းဆယ်ချီပြီး ဝင်လေ့ရှိပါတယ်။

လက်ရှိမှာ ကြက်သွန်နီပေါက်ဈေးဟာ တစ်ပိသာကို ငွေကျပ် ၃၀၀ လောက်ကနေ ၈၀ လောက်အထိ ရှိနေတာကြောင့် ထုတ်ပိုးခနဲ့ မကိုက်တဲ့အတွက် ကြက်သွန်တွေကို လွှင့်ပစ်နေရတာလို့ ကုန်သည်တွေဆီကသိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013