DVB Logo
Home
မြန်မာသတင်း
သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်အပေါ် တရားစွဲထားသည့် လဝကအမှု စစ်ဆေး
DVB
·
December 9, 2021
သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်အပေါ် တရားစွဲထားသည့် လဝကအမှု စစ်ဆေး
Donate to DVB

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မအမှုကို ဒီဇင်ဘာလ ၉ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

"လ.ဝ.က အက်အမှုက လိုပြသက်သေ တစ်ယောက်ကို စစ်ဆေးတယ်။ စစ်ဆေးချက် အသေးစိတ်မသိရဘူး ” လို့  တရားရုံးနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။

မစ္စတာရှောင်တာနဲလ်ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပြီး ဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကိုလည်း အမှုတွဲအဖြစ် တရားစွဲထားပါတယ်။

ဒီနေ့ရုံးချိန်းမှာ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)အမှုအတွက် လိုပြသက်သေမလာတဲ့အတွက် တရားရုံးက မစစ်ဆေးနိုင်ခဲ့ဘဲ နောက်တစ်ပတ်ကို ရုံးချိန်းပြန်ခေါ်ခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းကို လာရောက်ကြတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမှုတွဲအဖြစ် တရားစွဲခံထားတဲ့သူတွေအာလုံး ကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရုံးချိန်းတုန်းက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)နဲ့ပတ်သက်ပြီတရားလို တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူးအောင်မျိုးလွင်ကို ရှေ့နေအဖွဲ့က အပြန်အလှန်စစ်မေးတာတွေ အပြီးသတ်ဆောင်ရွက်ခဲ့ပါတယ်။

ပါမောက္ခရှောင်တားနဲလ်ရဲ့အမှုတွေကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်ကိုလွှဲပြောင်းခဲ့တာဖြစ်ပါတယ်။

ပါမောက္ခရှောင်တားနဲလ်ကို စစ်ကောင်စီက စတင်ဖမ်းဆီးခဲ့တုန်းက အင်းစိန်ထောင်မှာ ထိန်းသိမ်းခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ကူးစက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီက အတည်ပြုချက်မထုတ်ပြန်ခဲ့ပါဘူး။

ပါမောက္ခရှောင်တားနဲလ်ကို နောက်ထပ်စွဲဆိုထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအမှုကတော့ အာဏာသိမ်းပြီးချိန်မှာ ဥပဒေမဲ့ ထွက်ပြေးဖို့ကြိုးစားတာကြောင့် စွဲဆိုတာလို့ စစ်ကောင်စီက အကြောင်းပြထားပါတယ်။ 

ပါမောက္ခရှောင်တားနဲလ်ကိုစွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်ပြီး ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ရှောင်တားနဲလ်ဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ်ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရဖွယ်ရှိနေပါတယ်။

သူ့ကို ပြန်လွှတ်ပေးဖို့ သြစတြေးလျအစိုးရက တောင်းဆိုထားပေမယ့် စစ်ကောင်စီက ဆက်လက်ဖမ်းဆီးတရားစွဲဆိုနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013