DVB Logo
Home
မြန်မာသတင်း
Silent Strike သပိတ်မလုပ်ရန် စစ်အုပ်စုက ခြိမ်းခြောက်စာဖြန့်ဝေနေ
DVB
·
December 9, 2021
Silent Strike သပိတ်မလုပ်ရန် စစ်အုပ်စုက  ခြိမ်းခြောက်စာဖြန့်ဝေနေ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာနဲ့ နမ့်တောကျေးရွာတွေမှာ ဒီဇင်ဘာ ၁၀ ရက်နေ့  ဆိုင်ပိတ်ပြီး Silent Strike ပြုလုပ်ဆန္ဒထုတ်ဖော်ပါက   အသက်နဲ့ စီးပွားဥစ္စာ အာမ မခံကြောင်း စစ်အုပ်စုက ခြိမ်းခြောက်စာတွေ ဖြန့်ဝေခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဟုမ္မလင်းမြို့နယ်က ဈေးဆိုင်ပိုင်ရှင်တယောက်က “အခုကျမတို့ဈေးဆိုင်တွေ မနက်ဖြန် Silent Strike သပိတ်မပါဝင်ဖို့ ခြိမ်းခြောက်စာလာဖြန့်ဝေနေတယ်။ စစ်ကောင်စီ လက်ကိုင်တုတ် ပျူစောထီးတွေ ဒီမနက်ပိုင်းမှာဖြန့်ဝေနေတယ်” လို့ ပြောပါတယ်။

ဟုမ္မလင်းပြည်သူအုပ်ချုပ်တာဝန်ရှိသူတစ်ဦးက "ကျနော်တို့ နွေဦးတော်လှန်ရေး ဘက်တော်သားတွေကတော့ မနက်ဖြန် Silent Strike (ငြိမ်သက်သပိတ်)မှာ ပါဝင်ဖို့ ဟုမ္မလင်းပြည်သူ့ အုပ်ချုပ်ရေးက ထုတ်ပြန်ခဲ့တယ်။ ကျနော်တို့ အတင်အကျပ် တိုက်တွန်းနေတာမဟုတ်ပါဘူး။ မပါဝင်ရင် ဘာဖြစ်မယ်ဆိုပြီး ဖိအားပေးနေမှာလည်း မဟုတ်ပါဘူး” လို့ ပြောပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀  ရက် မနက်ဖန် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ မြန်မာနိုင်ငံတဝန်း  ပြည်သူလူထုတွေဟာ အပြင်လုံးဝမထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်းအားဖြင့် Silent Strike ပြုလုပ်ပြီး  စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြကြဖို့ နှိုးဆော်ထားတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013