DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ဝန်ကြီးနှင့် ဒုဝန်ကြီး ၂ ဦးတို့ကို စစ်ကောင်စီက အဂတိမှုဖြင့် စွပ်စွဲ အမှုဖွင့်
DVB
·
December 9, 2021
လျှပ်စစ်ဝန်ကြီးနှင့် ဒုဝန်ကြီး ၂ ဦးတို့ကို စစ်ကောင်စီက အဂတိမှုဖြင့် စွပ်စွဲ အမှုဖွင့်
1 / 2
Donate to DVB

လျှပ်စစ်နဲ့  စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နဲ့ ဒုဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာထွန်းနိုင်နဲ့ ဦးခင်မောင်ဝင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွပ်စွဲပြီး အမှုဖွင့်လိုက်တယ်လို့ ဒီဇင်ဘာ ၉ ရက် ဒီကနေ့ စစ်ကောင်စီ ပြန်ကြားရေးထုတ် နေ့စဉ်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဝန်ကြီးဦးဝင်းခိုင်နဲ့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ဟာ အထက်ရဲရွာ ရေအားလျှပ်စစ်စီ မံကိန်းမှ ရေသွယ်ဥမင်ဖောက်လုပ်ခြင်းလုပ်ငန်းကို နိုင်ငံတကာကုမ္ပဏီတစ်ခုနဲ့ ၂၀၁၅ ခုနှစ် မတ် ၁၂  ရက်က စာချုပ် ချုပ်ဆိုဆောင်ရွက်ခဲ့ရာမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခြင်းမပြုဘဲ ၁၆ လ သက်တမ်းတိုးမြှင့်ခွင့်ပြုပေးခဲ့လို့ ထုတ်လုပ်မှု ကီလိုဝပ်နာရီ(ယူနစ်) သန်းပေါင်း ၁၈၀၀ ကျော် ထုတ်လုပ်နိုင်မှုမရှိတဲ့အတွက်  နိုင်ငံတော်၏ ဘဏ္ဍာ ငွေကျပ် ၃၀ ဘီလီယံလောက် ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထားဝယ်ဒေသ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဆောင်ရွက်တဲ့ တနင်္သာရီတိုင်းအစိုးရက စီမံခန့်ခွဲသည့် GGS ကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုး ငွေကျပ် ၆ ဘီလီယံကျော်လောက်ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ခွင့်ပြုချက်ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဌာန ဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေးချေရန် ခွင့်ပြုခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

အလားတူ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းဟာလည်း  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင် ခဲ့စဉ်က ဓာတ်ငွေ့ဖိုးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း မလိုက်နာဘဲ ဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံတော်၏ဘဏ္ဍာ ငွေကျပ် ၆ ဘီလီယံကျော်ခန့် ထိခိုက် နစ်နာစေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နဲ့ ဒုတိယဝန်ကြီး ဦးထွန်းနိုင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း  ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းမှာ ဒီဇင်ဘာ ၈ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ် တရားစွဲဆိုအမှုဖွင့်ထားတယ်လို့ စစ်ကောင်စီသတင်းစာမှာဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဘက်ကနေ ပြန်လည် တုံ့ပြန်ချေပ ပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။ 

စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ အစိုးအရအဖွဲ့ဝင်တွေကို အဂတိမှုတွေအပါအဝင် ပုဒ်မ အမျိုးမျိုးနဲ့ စစ်ကောင်စီက တရားစွဲပြီး  ထောင်ဒဏ်တွေချမှတ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဝန်ကြီးတွေအပေါ် စွပ်စွဲထားတဲ့ အဂတိလိုက်စားမှုစွဲချက်အတော်များများဟာ ရုံးလုပ်ငန်းနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းကိစ္စ  တဖက်သတ် ယူဆချက်တွေသာ အများစုတွေ့ရပြီး ဝန်ကြီးတွေ ကိုယ်ကျိုးစီးပွားအတွက် လာဘ်ပေး လာဘ်ယူ တယ်ဆိုတဲ့ အထောက်အထားတွေ  သက်သေတွေကတော့ တခုမှ ပြသနိုင်တာ မရှိပါဘူး။ 

Photo -MOEE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013