DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးတွင် စစ်တပ်ကသတ်ခဲ့သည့် ရွာသားအလောင်းများထပ်တွေ့၊ စုစုပေါင်း ၁၅ ဦးရှိလာ
DVB
·
December 9, 2021
ဆားလင်းကြီးတွင် စစ်တပ်ကသတ်ခဲ့သည့် ရွာသားအလောင်းများထပ်တွေ့၊ စုစုပေါင်း ၁၅ ဦးရှိလာ
Donate to DVB

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာအနီးမှာ ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်က သတ်ဖြတ်ထားခဲ့တဲ့ အလောင်း ၄ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒေသခံရွာသားတစ်ဦးက “ကိုဉာဏ်ပို၊ မဝင်းကြည် အသက် ၆၀ ခန့်၊ ဒေါ်သန်းရွှေ အသက် ၈၀ နဲ့ အသက် ၁၁ နှစ်ဝန်းကျင် ကလေး ၁ ဦး အလောင်းတွေကို ဒီနေ့မနက်ခင်း ထပ်တွေခဲ့ရတယ်။ အသက်ကြီးသူတွေဆိုရင် မလုပ်ဘူးလောက်ဘူးဆိုပြီ ရွာထဲမှာနေကြတဲ့သူတွေပါ။ သတ်ထားခဲ့တာက လည်လှီးပြီး သတ်ထားခဲ့ကြတာဗျ” လို့ ပြောပါတယ်။

ဓားစာခံအဖြစ်ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသူအချို့ရဲ့ ပြောကြားချက်အရ စစ်ကောင်စီတပ်ဟာ ၁၆ ကုတင်ဆေးရုံအနီးကနေ ဒုံတောရွာဘက်လာခဲ့တုန်းက ဒုန်းတောရွာမှာ လူဦးရေ ၂၀ လောက် သတ်ခဲ့တယ်ဆိုပြီး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၇ ရက်​နေ့ကလည်း ဆားလင်းကြီးမြို့နယ် ဒုန်း​တော​ကျေးရွာအပြင်ဘက် ကိုင်း​တောထဲပုန်း​ရှောင်နေတဲ့ စစ်​ရှောင်ပြည်သူ ၁၁ ဦးကို စစ်​ကောင်စီတပ်ဖွဲ့က ပစ်သတ်မီးရှို့ထားခဲ့တာကြောင့် အသတ်ခံရသူ စုစုပေါင်း ၁၅ ဦးအထိ ရှိပြီဖြစ်ပါတယ်။

မုံရွာ-ပုသိမ် လမ်းအတိုင်းလာ​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ကို ​လမ်းခုလပ်တစ်​နေရာမှာ ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့တာကြောင့် စစ်​ကောင်စီဘက်က အထိနာသွားခဲ့ပြီး ခုလို သတ်ဖြတ်ခံတာဖြစ်နိုင်ပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ​တွေ ထွက်​ပြေးတိမ်း​ရှောင်​ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဆားလင်းကြီးမြို့နယ်မှာ ဒီဇင်ဘာ ၇ ရက်နေ့က ဒေသခံ ရွာသားတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ်   ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ဒီဇင်ဘာ ၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အခုလို အကြမ်းဖက်တာတွေတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး နိုင်ငံတကာ အသိုင်းအဝန်းက တညီတညွတ်တည်း တုံ့ပြန်ကြဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013