DVB Logo
Home
မြန်မာသတင်း
ခရီးသွားလာရေး ကန့်သတ်ချက်များ PDF အဖွဲ့များထုတ်ပြန်အသိပေး
DVB
·
December 8, 2021
ခရီးသွားလာရေး ကန့်သတ်ချက်များ PDF အဖွဲ့များထုတ်ပြန်အသိပေး
Donate to DVB

ခရီးသွားလာရေး၊ ကုန်စည်သယ်ဆောင်ရေးနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေက  အသီးသီး ထုတ်ပြန်ပြီး  ပြန်သူလူထုကို အသိပေးလိုက်ပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲက လမ်းတွေ၊ မုံရွာ ပုသိမ်လမ်း၊ ညောင်ပင်ကြီး ယင်းမာပင်လမ်းတို့ကို ဒီဇင်ဘာ ၇ ရက် ည ၇ နာရီကစပြီး အသုံးမပြုကြဖို့ One Star Task Force က ထုတ်ပြန်သတိပေးပါတယ်။

ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ကလည်း ဒီဇင်ဘာ ၇ ရက်ကစပြီး ည ၁၂ နောက်ပိုင်းမှာ အပြင်မထွက်ကြဖို့ သတိပေးထားပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ကတော့ အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေရဲ့ စီးပွား‌ရေး လုပ်ငန်းတွေ၊ စစ်တပ်ရဲ့ ဦးပိုင်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ အရက်ဘီယာတွေကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး စစ်ကိုင်းတိုင်း နယ်နိမိတ်ထဲမှာ ရောင်းဝယ်ဖောက်ကား သယ်ဆောင်တာမလုပ်ဖို့ သတိပေးတားမြစ်ထားပြီး စစ်ဆေးတွေ့ရှိတာတွေကိုလည်း နောက်မလုပ်ဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းထဲကို ဖြတ်သန်းသွားမယ့် အကြီးစားလုပ်ငန်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဝင်ငွေခွန်ဆောင်ပြီး ဒစ်ဂျစ်တယ်ဖြတ်ပိုင်းတွေကို စစ်ဆေးတဲ့ အဖွဲ့တွေဆီ ပြသရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လမ်းမကြီးတချို့မှာ မသမာသူတချို့က PDF အယောင်ဆောင်ပြီး စစ်ဆေးတာ၊ ငွေတောင်းတာတွေ လုပ်နေလို့ စုံစမ်းဖော်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။

တိုင်းထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ကူညီကြဖို့ တိုက်တွန်းထားပါတယ်။

ကချင်ပြည်နယ် ပူးပေါင်း PDF အဖွဲ့ကလည်း မိုးညှင်းနဲ့ ဟိုပင်ကြား ကားလမ်းမကြီးကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ အများပြည်သူ မဖြတ်သန်းကြဖို့ သတိပေးထားပြီး ရထားလမ်းအရှေ့ဘက်တောကိုလည်း ဘယ်ကိစ္စနဲ့မှ မသွားလာကြဖို့ ထုတ်ပြန် သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013